Tuesday, September 27, 2011

27.9.2011

ဒီနေ့ ကျနော် တစ်နေ့လုံးအွန်လိုင်းပေါ်မတက်ဖြစ်ပါဘူး…။ ဒါပေမယ့် facebook ကိုတော့ ခဏလေး ၀င်ကြည့်လိုက်သေးသည်..။

ဘာမက်ဆေ့မှတော့ မရှိပါဘူး..။ ထွေထွေထူးထူးပေါ့..။ ကျနော် တကယ်တော့ ကိုယ့်ရဲ့ခံစားချက်တွေကို ပဲ သာယာနေမိသည်ဟု ထင်သည်..။

ကိုယ့်စိတ်ကူး ကိုယ့်အတွေးတွေက ချစ်သူအတွက် အမှတ်တရ မဖြစ်နိုင်ဘူးထင်သည်..။

`မင်းလေးသာ´ ဆိုတဲ့ သီချင်းလေးကို နားထောင်စေချင်မိသည်..။ သို့သော်အခွင့်အရေး တော့ မပေးသေးဟုထင်သည်..။

ကျနော်ကလည်း ကျနော်ပဲဖြစ်သည်..။

ဒီနေ့ ညနေ အင်တာနက်ဆိုင်ကို သွားသည်..။ ဆိုင်မှာ လက်တော့နှင့် သုံးတာ သိပ်တော့အဆင်မပြေလှ..။

ကျနော်ကလည်း ကျနော်ပဲဖြစ်သည်..။

မနေ့က ရေးထားတဲ့ ပို့စ်လေးတွေကို တင်လိုက်သည်..။ ပြီးတော့ ဂျီတော့လ်လေးဖွင့် ပြီး ချစ်သူရှိမလားလို့ မီးခိုးရောင်လေးဖြစ်နေတဲ့

ချစ်သူ့အကောင့်လေးကို ကြည့်မိသည်..။

တစ်နေ့က ဖေ့ဘွတ်မှာ ဒိုင်ယာရီဆိုတဲ့ သရုပ်ဖော်စာလေးတင်လိုက်တော့ ဆရာက တွေ့နေပြီလားလို့ မေးသေးသည်..။

ဒါပေါ့လို့ ပြန်ဖြေခဲ့သေးသည်..။ ဆရာက ဒီနေ့ထူးထူးခြားခြား

`ညီလေး မင်းတို့ဆီမှာ မိုးရွာနေလား´ တဲ့..။ မရွာဘူးလို့ ဖြေလိုက်သည်..။ တကယ်လည်း မိုးမရွာဘူးလေ..။ ပြီးတော့ ဆရာနှင့် စကားပြောဖို့တော့စိတ်ကူးမိသေးသည်..။

သို့သော် ပို့စ်တင်ရဖို့သာ စိတ်က ရောက်နေသဖြင့် ဆရာ မအားသေးလို့ နောက်နေ့မှ ပြောရအောင်လား လို့ ပြောလိုက်တော့ ပြီးရော ပြီးရောတဲ့..။

ဆရာက အရင်က ကျနော့် လုပ်ဖော်ကိုင်ဖက် ဆရာ အင်ဂျင်နီယာပါ..။ နာမည်က သူရဇော်တဲ့..။ အခုတော့ သူက နေပြည်တော်မှာပေါ့ဗျာ..။ ထားပါ..။

ဖိုရမ်မှာ လည်း မ၀င်ဖြစ်ဘူး ..။ ကိုမြတ်က ကရင်း ဘယ်တွေ ပျောက်နေတာလဲတဲ့..။ မေးသည်..။

မအားလို့ပါဟုသာပြောမိသည်..။ ကိုမြတ်ကို လည်း တော်တော်ခင်မိပါသည်..။ သူက နောက်တတ်ပြောင်တတ် ပျော်တတ်တဲ့သူတစ်ယောက်..။

ထိုင်းနိုင်ငံကို ရောက်နေ ပေမယ့် နည်းပညာတွေကို မြန်မာလူငယ်လူရွယ်တွေအတွက် ဖြန့်ဝေပေးနေသူတစ်ယောက်..။

အခုတော့ သူ ဖိုရမ်လေးတစ်ခုကို တည်ထောင်ထားတော့ ပိုပြီးတော့ ခင်မင်မိတယ်..။ သူရဲ့ ဆိုက်လေးမှာ ကျနော်က ဆော့လ်ဝဲတွေ သွားတောင်းနေကျလေ..။

ထားပါ..။

သူငယ်ချင်းတစ်ယောက် ..။ သူကလည်း အရင်က လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း..။ အခုတော့ သူကရန်ကုန်မှာ ..။ သူနဲ့လည်း ဖေ့ဘွတ်မှာတွေ့တော့ သူက နှုတ်ဆက်လာတယ်..။

ဟဲ ဟဲ ကပ်ကြွားလိုက်တယ်..။ သူ့ကို `မင်းလေးသာ´ ဆိုတဲ့ သီချင်းလေး နားထောင်ခိုင်းလိုက်သေးသည်..။

သို့သော်..။

အင်တာနက် ..။ သူ့ကို အမြင်ကပ်မိသည်..။ ကျနော် အွန်လိုင်းသုံးနေတာ နာရီဝက်လောက်အကြာမှာ ကော်နရှင် ကျသွားသည့်နီးပါး လိုင်းက အင်မတန်နှေးကွေးလျက်ရှိလာသည်..။

ဂျီတော့လ် တောင် တက်လိုက် ကျလိုက်..။

ကျနော် ပို့စ်သုံးခုတင်မလို့ဗျာ..။ ကျနော်နဲ့ဖေ့ဘွတ်ရယ် .. 26.9.2011 ဆိုတဲ့ ပို့စ်ရယ် `မင်းလေးသာ´ ဆိုတဲ့ သီချင်းရယ်ပေါ့..။ ပို့စ်နှစ်ခုပဲ တင်ရသေးသည်..။

လိုင်းအောက်သွားသည်..။ ချစ်သူကို အမှတ်တရလေး သီချင်းပို့ဖို့ အစီအစဉ်ရယ်..။

ဖိုရမ်က သူမ ပရိုဖိုင်လေးမှာ ကော်မန့်ပေးမယ့် အစီအစဉ်လေးရယ်..။

ပြီးတော့ ကျနော် သူမကို သတိရနေတယ်လို့ ပြောမယ့်အစီအစဉ်လေးရယ်..။

ပျက်ဆီးသွားတယ်ဗျာ..။ စိတ်ထဲမှာ မခံချိ ဘူး..။ ပေပြီး ဆက်ထိုင်နေသေးသည်..။ လိုင်းက ပြန်တက်မလာသည့်အပြင် လုံးဝ အောက်သွားသည်..။

7:00 PM ..။ နာရီကိုကြည့်လိုက်တော့ ဗိုက်ကလည်း ဆာလာသည်..။ ပြန်တော့မည်..။

လမ်းမှာဆိုင်ကယ်စီးရင် သတိရတဲ့ စိတ်ကို လွှတ်ပေးမိသေးသည်..။

အရမ်းလွမ်းတာပဲဗျာ..။ တကယ်တော့ ကျနော်တို့ တွေ မနီးကြပါဘူး..။ ကျနော်စိတ်တွေကသာ နီးကပ်နေခဲ့တာပါ..။

အရမ်းချစ်တယ်..။ တကယ်ပါ..။

အိမ်ရောက်တော့ ထမင်းစားမယ် ဟု မေမေ့ကို ပြောလိုက်သည်..။

ဒီနေ့ ဗလချောင်ရယ်၊ မုန်ညင်းချဉ် ဟင်းရည် ရယ် ထောပတ်ပဲ ချက်ရယ် ပြီးတော့ အကင်ဆိုင်မှ အကင်ရယ် အကြော်ဆိုင်မှာအကြော်ရယ် ဆိုတော့

ထမင်းစားရတာ အရမ်းအရသာရှိသည်..။ မေမေက ငါ့သားဒီနေ့တော့ စားလှချည်လားတဲ့..။ ချစ်သူအတွက် ပိုစားနေတာ သူမသိ..။

ထမင်းစားပြီးတော့  ခဏလေး နားလိုက်သည်..။ နားသည်ဆိုသည်က ထိုင်နေခြင်း ဖြစ်သည်..။ ပြီးတော့ အခု ဒီစာကို လာရိုက်နေသည်..။

ခဏနေရင် ဂစ်တာတီး သီချင်းဆိုမည်ဟု တွေးထားသည်..။ အရင်က သီချင်းဆိုရတာ နားထောင်ရတာတွေဟာ အဓိပ္ပာယ်မရှိပေမယ့် အခုတော့ သီချင်းလေးတွေဆိုရတာ

ခံစားချက်နှင့်တိုက်ဆိုင်လွန်းနေသည်..။ ဆိုနေကျ သီချင်းက ပူစူးရဲ့ တစ်မိုးအောက် ဆိုတဲ့ သီချင်း..။

လမင်း ကြီးလည်း သိပါတယ်..။ ကြယ်စင်လေးလည်း သိပါတယ်..။

ရေမြေတွေခြားနားနေလည်း ဒီကမ္ဘာမြေပြင်ရဲ့ တစ်မိုးအောက်တည်းမှာပဲ ..။

ကဲ ချစ်သူလေးရေ  နင်ဘာတွေ လုပ်နေမလဲဟင်အခုတော့..။ ငါ့မှာတော့ သတိရတဲ့စိတ်ရယ် လွမ်းတဲ့စိတ်ရယ် ချစ်တဲ့စိတ်ရယ်

နေ့တိုင်း အချိန်တိုင်း မင်းလေးကသာ  အမြဲစိုးမိုးထားတယ်ဆိုတာ..။

ဒီညအတွက်တော့ စာရေးတာတော်တော်ရှည်သွားပြီထင်တယ်..။ ဖတ်ပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျား..။

ကျနော်နဲ့ထပ်တူ ပျော်ရွှင်နိုင်ကြပါစေဗျာ..။

0 comments:

Post a Comment