Monday, April 22, 2013

အချစ် သို့မဟုတ် မှတ်စု တခု

၁။ အစီအစဉ် တကျမဟုတ်တဲ့ ဇာတ်လမ်းတွေဟာ ဘ၀မှာ အများကြီးပါပဲ.။ တခါတလေ ကိုယ့်စိတ်ကို အလိုလိုက်မိခဲ့တာတွေကို နောင်တချိန်မှာ အမှားတွေ လို့လည်း ခံစားမိတတ်ကြတယ်။ စိတ်တွေကို စုစည်းထားဖို့အတွက် တည်ငြိမ်နေတဲ့ စိတ်ကို တည်ဆောက်ဖို့လိုတာပေါ့.။ ကျနော့်စိတ်တွေ တည်ငြိမ်လာအောင် ဖန်တီးတဲ့ အရာကို အချစ်လို့ အမည်တပ်ချင်ပါတယ်။

၂။ အချစ်ဆိုတာ Near your environment လို့ ခေါ်ချင်တယ်။ နီးစပ်မှုဟာ အချစ်တော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် အနေကြာလာတဲ့အခါ စိတ်ထဲမှာ သံယောဇဉ်ရှိလာကြတယ်။ ခင်တွယ်လာကြတယ်။ ဂရုစိုက်မှုတွေကို ကျေနပ် နှစ်သိမ့်လာကြတယ်။ ပြီးတော့ စွဲလမ်းလာတယ်။ ဒါတွေဟာ အချစ်ရဲ့နိဒါန်းတွေပဲလေ။

၃။ဘ၀မှာ ဖြတ်သန်းရတာတွေက ပင်ပန်းလွန်းပါတယ်။ တခါတလေတော့လည်း မျှဝေခံစားပေးမယ့်သူ လိုအပ်ပါတယ်။ ကိုယ့်စိတ်ကို အနားလည်နိုင်ဆုံးလူတယောက် ဖြစ်သင့်တယ်။ တကယ်လို့ ကျနော်ကပဲ သူမအပေါ်နားလည်ပေးပြီး သူမက ပြန်ပြီး နားမလည်ပေးဘူးဆိုရင် ဒါဟာ လက်တွေ့ကျတဲ့ အချစ်တခုမဟုတ်ပါဘူး။ သူမဟာ မက်မောဖွယ်ကောင်းတဲ့ အရာကို ရထားတယ်လို့ ယူဆနေတာဖြစ်နိုင်ပါတယ်။ တကယ်က ဒီလိုမဟုတ်ပါဘူး။ ချစ်တယ်ဆိုတာ အလိုလိုက်ဖို့ထက် နားလည်ဖို့ပဲ လိုပါတယ်ဗျာ.။

၎။ ပြောင်းလဲခြင်းဆိုတာ က မသေချာမှုကဖြစ်လာတာပဲ.။ ဘယ်အရာမဆို သေချာဖို့လိုတာပေါ့ဗျာ။ အချစ်မှာ ပိုပြီးတော့ လိုအပ်ပါတယ်။ တခါတလေ စိတ်အလိုလိုက်မိတဲ့အခါ ကိုယ့်ကိုယ်ကို လိမ်ညာတတ်တဲ့ ကျနော့်အကျင့်က တော်တော်လေးကို ခက်တယ်ဗျာ.။

၅။ အနာဂတ်ကို စဉ်စားချင်လာမိပြီ.။ တကယ်ဖြစ်ချင်တာတွေလည်း ရှိလာပြီ။ ဒါပေမယ့် အခုချိန်မှာ လိုအပ်နေတာ ရှိနေတယ်။ အဲဒါတော့ သူ့ဆီက နားလည်မှု..........။

Friday, March 29, 2013

ခံစားမှု 29

ခံစားချက်ဆိုတာ တော်တော်လေးကို ပြောရခက်တဲ့အမျိုးဗျ..။

အခုတလော ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှချည်လား ဟု ခံစားနေမိ.။ ဘာလို့လဲမသိဘူးဗျ.။

ချစ်သူတယောက်လောက် အနားနားမှာရှိနေရင်ကောင်းမှာပဲလို့ စိတ်ကူးယဉ်..။

ပိုက်ဆံတွေလည်း အများကြီးလိုချင်တယ်။ စိတ်ကို တည်ငြိမ်အောင် လုပ်မယ်.။ ပြီးတော့ စိတ်ကူးတွေ ယဉ်ပစ်လိုက်မယ်။ အကောင်းဆုံးတွေ ဆိုတာတွေချည်း ပိုင်ဆိုင်အောင်လုပ်မယ်။

နေ့ရက်တွေမှာ စိတ်ညစ်ညူးစရာတွေ မရှိဘဲ ကျော်ဖြတ်ချင်တယ်။ သူများက လေးစားအားကျရတဲ့ သူဖြစ်ချင်တယ်။ အားကိုးခံထိုက်တဲ့ သူလည်း ဖြစ်ချင်တယ်။ ပြီးတော့ စိတ်ထဲမှာ မကောင်းဘူးလို့ ခံစားရတဲ့ ဘယ်လုပ်ရပ်ကို မဆို မလုပ်ဘဲ နေချင်တယ်။

ဟူး.........။ ကျနော့်ဘ၀က လည်း ဘာမှ ထူးခြားမှုမရှိတဲ့ လူတယောက်ပါပဲ.။ လိုချင်တာ တခါတလေလည်း ရတာပဲ.။ မရတာတွေလည်း အများကြီးပါပဲ.။

ညဘက်ဆိုရင် အာရုဏ်တက်ချိတ်လောက်ထိ မအိပ်ဘူး.။ လုပ်ချင်တာတွေပဲ လုပ်နေတယ်။ မနက်ကျရင် ထရင်လည်း လန်းလန်းဆန်းဆန်းလည်း မရှိတော့ဘူး။ ပြီးတော့ လူတွေကိုလည်း မစည်းရုံးနိုင်ဘူးဗျာ.။ လူတွေက ချစ်ခင်မလာဘူး။ မုန်းတီးလာကြတယ်ထင်တယ်။

Friday, March 22, 2013

ခံစားမှု-၁

ရက်စွဲ - ၂၂.၃.၂၀၁၃

စာမရေးတာကြာပြီ။ စားရေးပျင်းနေတာထက်စာရင် ဘာလုပ်ရမှန်းကိုမသိဘူးဖြစ်နေတာ။
ဘလော့တွေထက် ဖုန်းကလိ ဖိကလုံးဖြစ်နေတာများလို့ပါ.။အရင်တုန်းက ရူးသွပ်ခဲ့တဲ့ဘလော့။  ပစ်ထားလိုက်တာ တော်တော်ကြာပြီပေါ့.။ ခံစားမှုလေး ရေးချင်လာပြီ.။

ခေါင်းမူးနေသည်။ ဘာလို့မူးတယ်ဆိုတာတော့ မသိဘူး။လွန်ခဲ့တဲ့သုံးရက်လောက်က ၀မ်းကိုက်တာလား။ဝမ်းလျှောတာလားမသိဘူး။ အရည်တွေချည်းသွားနေတယ်။ဆေးခန်းသွားပြတယ်။ဆေးထိုးပေးတယ်။သောက်ဆေးပေးခဲ့တယ်။ သောက်တယ်။
ပိတ်သွားတယ်။အဲနောက်ပိုင်းခေါင်းက မူးနောက်မူးနောက်ဖြစ်နေတာပဲ။စိတ်လည်းညစ်နေတယ်။ 
ဘာလို့စိတ်ညစ်မှန်းလည်းတော့ မသိဘူး။

မနက်ဖြန် တောင်ကြီးကို ပြန်တော့မယ်။ကားစီးရင်လည်း ခေါင်းမူးတယ်။ မမူးတော့ဘူးလို့ထင်ထားပေမယ့်လည်း အခုနောက်ပိုင်း ပြန်မူးမူးလာတယ်။ ကားနဲ့မဆိုင်တာတော့ သေချာတယ်။ စိတ်နဲ့ပဲ ဆိုင်တာလားတော့ မသိဘူး။ မူးတာတော့ မူးနေတယ်။ အရင်တုန်းက အကြောင်းအရာတွေ ပြန်စဉ်းစားကြည့်ချင်တယ်။ ဒါပေမယ့် ဘယ်အရာမဆိုမေ့တတ်တော့လည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပဲ.။ ခက်တယ်ဗျာ.။ လူလုပ်ရတာ တကယ်ခက်တာပဲ.။ မင်းသားလုပ်ရတာဆို ပြောမနေနဲ့တော့.။

သင်္ကြန်ရောက်တော့မယ်။ ခံစားမှုလေး လတ်လတ်ဆတ်ဆတ်ဖြစ်လာရမှာ အဲလိုမဟုတ်ဘူး။ နေ့ရက်တွေက တိမ်မည်းတွေ ဖုံးနေသလိုပါပဲ။ လေပြည်ညင်းနဲ့တော့ တိမ်မည်းတွေ မပျောက်နိုင်ဘူး။ လေပြင်းတချက်လောက်ဝှေ့လိုက်ရင်တော့ ပျောက်သွားမလားပဲ။ အခု လွိုင်ကော်က မွန်းဂျွိုင်းဆိုတဲ့ တည်းခိုခန်းလေးမှာ ဒီစာလေးကို ရိုက်နေတာပါ.။

အားနည်းနေတယ်လို့လည်း ခံစားနေရတယ်.။ အိပ်တော့မယ်။ တခုခုလိုနေတဲ့ ခံစားမှုပဲ.။ စိတ်ညစ်စရာကြီးနော်.။ ဟူး............။ လောကကြီးရယ် ပျော်စရာတွေချည်းပဲ တခါတလေပြန်လုပ်ပါဦးဟာ။ ချစ်သူနားလေးမှာ နေချင်တယ်။ ကြိုးစားချင်စိတ်လေးတွေ ပေါ်ပေါက်လာပါစေ။ ကိုယ့်ကိုယ်ကို နည်းနည်းရယ်ချင်တယ်။ ကောင်လေးဗေဒင်ဆိုတဲ့ ဖုန်းဆော့လ်ဝဲလေးထဲမှာ တခါမေးတော့ ထိန်းကြောင်းပေးတဲ့သူရှိမှတဲ့.။ ငါ့ကို ဘယ်သူက ထိန်းကြောင်းပေးမှာလဲ.။ 

ဒါပဲကွာ.။ အိပ်တော့မယ်။(တကယ်အိပ်ဖြစ်မလားတော့မပြောတတ်သေးဘူး စာကိုအဆုံးသတ်လိုက်တော့မယ်)

Sunday, June 10, 2012

Saturday, November 5, 2011

5.11.2011 ( အတွေးစလေး တစ်စ )



................................................................................................................................................................................

ဒီနေ့ ကျနော် အတွေးစလေးတစ်ခုပေါ့ အဲဒါကတော့ ကျနော်တို့မြစ်ကြီးနားက ဆုတောင်းပြည့်ဘုရားနားက Kiss me ဆိုတဲ့ ဆိုင်လေးမှာ ကျနော် ထိုင်စောင့်နေတုန်းလေး ကောက်ခြစ်လိုက်တဲ့ ကဗျာလေးပါ.။
         ဒီကဗျာလေးက ဒီလိုပါ..။ 
        `  နှင်းကလေး ဘာစားမှာလဲ ´  လို့ ကျနော်မေးလိုက်တာ သူက တစ်ချက်ပင့်ကြည့်သည်။ ပြန်မဖြေပါ။ ကျနော် နောက်နေသည်ဟု ယူဆသည့်သဘော ..။ ထို့နောက် ဖုန်းသံမြည်လာသည် ။
           ` ဟယ်လို ´ ............ နှင်းကလေး သူငယ်ချင်းဆက်တာ ဖြစ်ပုံရသည်။  သူတို့ ဘာပြောနေလဲ ကျနော် မသိတော့ပါ။ ဒါပေမယ့် ` နှင်း ငါ ခဏပြောဦးမယ် ´ ဆိုပြီးဖုန်းခွက်ကို ခွပ်ခနဲ ယူလိုက်သည်။ ဟီဟိ ခွပ်ခနဲတော့ တကယ်မြည် မမြည်မသိပါ။ အဲနောက် `ဟိတ် ငါနင့်ဆီလာလည်မယ်လေ ဘာကျွေးမှာလဲ ´ လို့ ပြောလိုက်တော့ ` လာလည်လေ မာလာဟင်းကျွေးမယ် ´ ဟု ပြန်ဖြေပါသည်။ တကယ်ကတော့ ကျနော်က ဘာရယ် မဟုတ်ပါ။ ပြောပြီးမှ မိန်းကလေးတစ်ယောက်ဆီက မုန့်တော့မစားချင်ဘူးဆိုပြီး
` ဟိတ် အကြော်စားမလား ငါဝယ်လာပေးမယ် ´ လို့ ပြောလိုက်တော့ `အင်း´ လို့ဆိုတော့ ဒါက တစ်ခန်းရပ်။
              အဲဒါနဲ့ ` နှင်းကလေးရေ မာလာဟင်းစားမယ်ဆို သွားပီ ´ ဆိုပြီးတော့  အကြော်ဝယ်ဖို့ အကြော်ဆိုင်ကို ဦးတည်လိုက်တယ်။ အမ် ! .... ဘာဖြစ်တာလဲ ဆိုတော့ အကြော်ဆိုင်ပိတ်ထားတယ်။ ဟိ ဟိ သက်သာပြီ ..။ တကယ် ဆိုင်ပိတ်ထားသည်။ တခြားဆိုင်တွေ ရှာကြည့်ပါသေးသည်။ မတွေ့ တွေ့တော့လည်း မရသေးဘူးတဲ့။ ဒါနဲ့ တတ်နိုင်ဘူးဆိုပြီး နှင်းကလေးစားမယ်လို့ ပြောတဲ့ ဒိန်ချဉ်ဗူးလေးပဲ ပိုဝယ်သွားလိုက်ပါသည်။ သူ့ဆီကို ရောက်တော့ ဟီး ဆိုင်ပိတ်ထားတယ်ဟ လို့ ပြောလိုက်တော့  သူက ဟာ........ တဲ့ ။ ဒါနဲ့ သူက မာလာဟင်းကို သူကိုယ်တိုင် ချက်ပေးခဲ့ပါတယ်။ မာလာဟင်းဆိုင်က သူ့အမ ဖွင့်ထားတာလေ :P.။
                        အားနာတတ်တဲ့ ကျနော်က` ညနေကျရင် တစ်ခုခု သွားစားရအောင်လေ´ လို့ ပြောတော့ သူကလည်း ` အင်း နှင်းကလေးကောပါမှာလား ´ 
                    ` ဒါပေါ့ ´  ဆိုပြီး ညနေသွားမယ်ဆိုပြီးတော့ ချိန်းထားကြပြီးတော့ ကျနော်က သူတို့နှစ်ယောက်ကို ဆိုင်မှာ စောင့်နေရင်း ရေးထားတဲ့ ကဗျာလေးပါ။
                         =====================================================

ကဗျာလေး တစ်ပုဒ်လေးကို ဒီလောက် ဋီကာ ချဲ့တယ်လို့တော့ မဆိုလိုက်ပါနဲ့ ..။ မရေးရရင် မနေနိုင်လို့ ရေးလိုက်တာ ဖြစ်ပါတယ်။ ဖတ်ရတာ အဆင်မပြေရင်တော့ တိဘူး..။
ကာယကံရှင် ဖတ်မိရင်တော့ ကျနော်ခေါင်းမှာ ဘုထွက်နိုင်ပါကြောင်း..။

Sunday, October 30, 2011

မသိစိတ်က ချစ်တယ်

မနေ့ကလည်း မင်းကိုချစ်တယ်။
ဒီနေ့လည်း မင်းကိုချစ်တယ်။
မနက်ဖြန်လည်း မင်းကိုချစ်မှာပဲ။
ထာဝရ တစ်သက်လုံးချစ်သွားမှာပါ..။

ဒီစကားတွေက ငါ့ရင်ဘတ်ထဲက လာတာမဟုတ်ပါဘူး..။
ငါအရင်က ဖတ်ခဲ့ဖူးတဲ့ အချစ်အတွေးလေးတွေက
ငါ့ရဲ့ မသိစိတ်လေးထဲမှာ ကိန်းအောင်းနေပြီးတော့
ငါ့ရဲ့ သွေးတွေ နှလုံးသားကို စီးဆင်းလိုက်တိုင်း
စကားလုံး တစ်လုံးချင်း လှုံ့ဆော်ပေးလို့ ဒီစကားတွေ
အလိုလို ထွက်လာခဲ့တာပဲ..။
ဒါဟာ မသိစိတ်က ချစ်သတဲ့လား..။

ငါမင်းကို မေ့ထားခဲ့တာကြာပါပြီ။ တခြားသူရင်ခွင်ကို
မှေးစက်နေသ၍ပေါ့။ အချစ်ဆိုတာ ပြောင်းလဲခြင်းတရားတွေထဲမှာ
မပါဘူးလို့ ငါထင်တယ်။ ငါမပြောင်းလဲဘူးနော်။
မနေ့ကထိ ဒီနေ့ထိ ငါ ချစ်တယ်။ မနက်ဖြန်လည်း ငါချစ်ဦးမှာပဲ။
ရန်သူရဲ့ အကျဉ်းစခန်းထဲရောက်နေမယ်ဆိုရင်တောင် ငါ့အချစ်တွေကတော့
ပိတ်လှောင်မခံရပါဘူး။

ပြောလိုက်ချင်တယ် အမိ။
သာဓကတစ်ခုကို ပြောရရင် ဒဿလို အချစ်မျိုးနဲ့
မချစ်ပါဘူး။ ငါက ဒဿဖြစ်နေရင်လည်းပေါ့။
မင်းက ငါ့ကို မနှောင့်ယှက်ပါနဲ့လို့ မပြောပေမယ့်
ငါမင်းကို စောင့်လျက်နေမိတုန်း။
တောင်းပန်လို့ရရင် ငါတစ်ခုပဲ တောင်းပန်ချင်တယ်။
မင်းကျေနပ်အောင်ပေါ့။
ငါပြောခဲ့တဲ့စကားတစ်ခွန်း ..." ချစ်တယ် " ဆိုတဲ့ စကားတစ်ခွန်း။
အဲဒီစကားအတွက်ပေါ့။
ငါ့ကို ခွင့်လွှတ်ပါ..။ ငါမင်းကို ချစ်နေဆဲ.. ချစ်နေမြဲ..။

ကမ္ဘာပေါ်မှာ

ကမ္ဘာပေါ်မှာ ပျင်းစရာအကောင်းဆုံး
အလုပ်နှစ်ခုရှိပါတယ်။
တစ်ခုက chatting ထိုင်တာ..။
နောက်တစ်ခုက ရည်းစားစကားပြောတာ..။
...............
ကမ္ဘာပေါ်မှာ အမြင်ကပ်စရာအကောင်းဆုံး
နှစ်ခုရှိပါတယ်။
တစ်ခုက ကိုယ့်ကိုယ်ကို အထင်ကြီးတာ..။
နောက်တစ်ခုက ရည်းစားထားတာ..။
...............
ကမ္ဘာပေါ်မှာ စိတ်ညစ်စရာအကောင်းဆုံး
နှစ်ခုရှိပါတယ်။
တစ်ခုက ကိုယ့်ရည်းစားလင်နောက်လိုက်တာ.။
နောက်တစ်ခုက လူပျိုကြီး အပျိုကြီးတွေ
လက်အောက်မှာ အလုပ်လုပ်ရတာ..။
................
ကမ္ဘာပေါ်မှာ ဖြေရအခက်ဆုံးမေးခွန်း
နှစ်ခုရှိပါတယ်။
တစ်ခုက နေကောင်းလား..။
နောက်တစ်ခုက စားပြီးပြီလား..။
...............
ကမ္ဘာပေါ်မှာ.............????