Friday, March 22, 2013

ခံစားမှု-၁

ရက်စွဲ - ၂၂.၃.၂၀၁၃

စာမရေးတာကြာပြီ။ စားရေးပျင်းနေတာထက်စာရင် ဘာလုပ်ရမှန်းကိုမသိဘူးဖြစ်နေတာ။
ဘလော့တွေထက် ဖုန်းကလိ ဖိကလုံးဖြစ်နေတာများလို့ပါ.။အရင်တုန်းက ရူးသွပ်ခဲ့တဲ့ဘလော့။  ပစ်ထားလိုက်တာ တော်တော်ကြာပြီပေါ့.။ ခံစားမှုလေး ရေးချင်လာပြီ.။

ခေါင်းမူးနေသည်။ ဘာလို့မူးတယ်ဆိုတာတော့ မသိဘူး။လွန်ခဲ့တဲ့သုံးရက်လောက်က ၀မ်းကိုက်တာလား။ဝမ်းလျှောတာလားမသိဘူး။ အရည်တွေချည်းသွားနေတယ်။ဆေးခန်းသွားပြတယ်။ဆေးထိုးပေးတယ်။သောက်ဆေးပေးခဲ့တယ်။ သောက်တယ်။
ပိတ်သွားတယ်။အဲနောက်ပိုင်းခေါင်းက မူးနောက်မူးနောက်ဖြစ်နေတာပဲ။စိတ်လည်းညစ်နေတယ်။ 
ဘာလို့စိတ်ညစ်မှန်းလည်းတော့ မသိဘူး။

မနက်ဖြန် တောင်ကြီးကို ပြန်တော့မယ်။ကားစီးရင်လည်း ခေါင်းမူးတယ်။ မမူးတော့ဘူးလို့ထင်ထားပေမယ့်လည်း အခုနောက်ပိုင်း ပြန်မူးမူးလာတယ်။ ကားနဲ့မဆိုင်တာတော့ သေချာတယ်။ စိတ်နဲ့ပဲ ဆိုင်တာလားတော့ မသိဘူး။ မူးတာတော့ မူးနေတယ်။ အရင်တုန်းက အကြောင်းအရာတွေ ပြန်စဉ်းစားကြည့်ချင်တယ်။ ဒါပေမယ့် ဘယ်အရာမဆိုမေ့တတ်တော့လည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပဲ.။ ခက်တယ်ဗျာ.။ လူလုပ်ရတာ တကယ်ခက်တာပဲ.။ မင်းသားလုပ်ရတာဆို ပြောမနေနဲ့တော့.။

သင်္ကြန်ရောက်တော့မယ်။ ခံစားမှုလေး လတ်လတ်ဆတ်ဆတ်ဖြစ်လာရမှာ အဲလိုမဟုတ်ဘူး။ နေ့ရက်တွေက တိမ်မည်းတွေ ဖုံးနေသလိုပါပဲ။ လေပြည်ညင်းနဲ့တော့ တိမ်မည်းတွေ မပျောက်နိုင်ဘူး။ လေပြင်းတချက်လောက်ဝှေ့လိုက်ရင်တော့ ပျောက်သွားမလားပဲ။ အခု လွိုင်ကော်က မွန်းဂျွိုင်းဆိုတဲ့ တည်းခိုခန်းလေးမှာ ဒီစာလေးကို ရိုက်နေတာပါ.။

အားနည်းနေတယ်လို့လည်း ခံစားနေရတယ်.။ အိပ်တော့မယ်။ တခုခုလိုနေတဲ့ ခံစားမှုပဲ.။ စိတ်ညစ်စရာကြီးနော်.။ ဟူး............။ လောကကြီးရယ် ပျော်စရာတွေချည်းပဲ တခါတလေပြန်လုပ်ပါဦးဟာ။ ချစ်သူနားလေးမှာ နေချင်တယ်။ ကြိုးစားချင်စိတ်လေးတွေ ပေါ်ပေါက်လာပါစေ။ ကိုယ့်ကိုယ်ကို နည်းနည်းရယ်ချင်တယ်။ ကောင်လေးဗေဒင်ဆိုတဲ့ ဖုန်းဆော့လ်ဝဲလေးထဲမှာ တခါမေးတော့ ထိန်းကြောင်းပေးတဲ့သူရှိမှတဲ့.။ ငါ့ကို ဘယ်သူက ထိန်းကြောင်းပေးမှာလဲ.။ 

ဒါပဲကွာ.။ အိပ်တော့မယ်။(တကယ်အိပ်ဖြစ်မလားတော့မပြောတတ်သေးဘူး စာကိုအဆုံးသတ်လိုက်တော့မယ်)

0 comments:

Post a Comment