Friday, March 29, 2013

ခံစားမှု 29

ခံစားချက်ဆိုတာ တော်တော်လေးကို ပြောရခက်တဲ့အမျိုးဗျ..။

အခုတလော ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှချည်လား ဟု ခံစားနေမိ.။ ဘာလို့လဲမသိဘူးဗျ.။

ချစ်သူတယောက်လောက် အနားနားမှာရှိနေရင်ကောင်းမှာပဲလို့ စိတ်ကူးယဉ်..။

ပိုက်ဆံတွေလည်း အများကြီးလိုချင်တယ်။ စိတ်ကို တည်ငြိမ်အောင် လုပ်မယ်.။ ပြီးတော့ စိတ်ကူးတွေ ယဉ်ပစ်လိုက်မယ်။ အကောင်းဆုံးတွေ ဆိုတာတွေချည်း ပိုင်ဆိုင်အောင်လုပ်မယ်။

နေ့ရက်တွေမှာ စိတ်ညစ်ညူးစရာတွေ မရှိဘဲ ကျော်ဖြတ်ချင်တယ်။ သူများက လေးစားအားကျရတဲ့ သူဖြစ်ချင်တယ်။ အားကိုးခံထိုက်တဲ့ သူလည်း ဖြစ်ချင်တယ်။ ပြီးတော့ စိတ်ထဲမှာ မကောင်းဘူးလို့ ခံစားရတဲ့ ဘယ်လုပ်ရပ်ကို မဆို မလုပ်ဘဲ နေချင်တယ်။

ဟူး.........။ ကျနော့်ဘ၀က လည်း ဘာမှ ထူးခြားမှုမရှိတဲ့ လူတယောက်ပါပဲ.။ လိုချင်တာ တခါတလေလည်း ရတာပဲ.။ မရတာတွေလည်း အများကြီးပါပဲ.။

ညဘက်ဆိုရင် အာရုဏ်တက်ချိတ်လောက်ထိ မအိပ်ဘူး.။ လုပ်ချင်တာတွေပဲ လုပ်နေတယ်။ မနက်ကျရင် ထရင်လည်း လန်းလန်းဆန်းဆန်းလည်း မရှိတော့ဘူး။ ပြီးတော့ လူတွေကိုလည်း မစည်းရုံးနိုင်ဘူးဗျာ.။ လူတွေက ချစ်ခင်မလာဘူး။ မုန်းတီးလာကြတယ်ထင်တယ်။

0 comments:

Post a Comment