5:57 AM -
စကားပြောခြင်း
4 comments


5.11.2011 ( အတွေးစလေး တစ်စ )
................................................................................................................................................................................
ဒီနေ့ ကျနော် အတွေးစလေးတစ်ခုပေါ့ အဲဒါကတော့ ကျနော်တို့မြစ်ကြီးနားက ဆုတောင်းပြည့်ဘုရားနားက Kiss me ဆိုတဲ့ ဆိုင်လေးမှာ ကျနော် ထိုင်စောင့်နေတုန်းလေး ကောက်ခြစ်လိုက်တဲ့ ကဗျာလေးပါ.။
ဒီကဗျာလေးက ဒီလိုပါ..။
` နှင်းကလေး ဘာစားမှာလဲ ´ လို့ ကျနော်မေးလိုက်တာ သူက တစ်ချက်ပင့်ကြည့်သည်။ ပြန်မဖြေပါ။ ကျနော် နောက်နေသည်ဟု ယူဆသည့်သဘော ..။ ထို့နောက် ဖုန်းသံမြည်လာသည် ။
` ဟယ်လို ´ ............ နှင်းကလေး သူငယ်ချင်းဆက်တာ ဖြစ်ပုံရသည်။ သူတို့ ဘာပြောနေလဲ ကျနော် မသိတော့ပါ။ ဒါပေမယ့် ` နှင်း ငါ ခဏပြောဦးမယ် ´ ဆိုပြီးဖုန်းခွက်ကို ခွပ်ခနဲ ယူလိုက်သည်။ ဟီဟိ ခွပ်ခနဲတော့ တကယ်မြည် မမြည်မသိပါ။ အဲနောက် `ဟိတ် ငါနင့်ဆီလာလည်မယ်လေ ဘာကျွေးမှာလဲ ´ လို့ ပြောလိုက်တော့ ` လာလည်လေ မာလာဟင်းကျွေးမယ် ´ ဟု ပြန်ဖြေပါသည်။ တကယ်ကတော့ ကျနော်က ဘာရယ် မဟုတ်ပါ။ ပြောပြီးမှ မိန်းကလေးတစ်ယောက်ဆီက မုန့်တော့မစားချင်ဘူးဆိုပြီး
` ဟိတ် အကြော်စားမလား ငါဝယ်လာပေးမယ် ´ လို့ ပြောလိုက်တော့ `အင်း´ လို့ဆိုတော့ ဒါက တစ်ခန်းရပ်။
အဲဒါနဲ့ ` နှင်းကလေးရေ မာလာဟင်းစားမယ်ဆို သွားပီ ´ ဆိုပြီးတော့ အကြော်ဝယ်ဖို့ အကြော်ဆိုင်ကို ဦးတည်လိုက်တယ်။ အမ် ! .... ဘာဖြစ်တာလဲ ဆိုတော့ အကြော်ဆိုင်ပိတ်ထားတယ်။ ဟိ ဟိ သက်သာပြီ ..။ တကယ် ဆိုင်ပိတ်ထားသည်။ တခြားဆိုင်တွေ ရှာကြည့်ပါသေးသည်။ မတွေ့ တွေ့တော့လည်း မရသေးဘူးတဲ့။ ဒါနဲ့ တတ်နိုင်ဘူးဆိုပြီး နှင်းကလေးစားမယ်လို့ ပြောတဲ့ ဒိန်ချဉ်ဗူးလေးပဲ ပိုဝယ်သွားလိုက်ပါသည်။ သူ့ဆီကို ရောက်တော့ ဟီး ဆိုင်ပိတ်ထားတယ်ဟ လို့ ပြောလိုက်တော့ သူက ဟာ........ တဲ့ ။ ဒါနဲ့ သူက မာလာဟင်းကို သူကိုယ်တိုင် ချက်ပေးခဲ့ပါတယ်။ မာလာဟင်းဆိုင်က သူ့အမ ဖွင့်ထားတာလေ :P.။
အားနာတတ်တဲ့ ကျနော်က` ညနေကျရင် တစ်ခုခု သွားစားရအောင်လေ´ လို့ ပြောတော့ သူကလည်း ` အင်း နှင်းကလေးကောပါမှာလား ´
` ဒါပေါ့ ´ ဆိုပြီး ညနေသွားမယ်ဆိုပြီးတော့ ချိန်းထားကြပြီးတော့ ကျနော်က သူတို့နှစ်ယောက်ကို ဆိုင်မှာ စောင့်နေရင်း ရေးထားတဲ့ ကဗျာလေးပါ။
=====================================================
ကဗျာလေး တစ်ပုဒ်လေးကို ဒီလောက် ဋီကာ ချဲ့တယ်လို့တော့ မဆိုလိုက်ပါနဲ့ ..။ မရေးရရင် မနေနိုင်လို့ ရေးလိုက်တာ ဖြစ်ပါတယ်။ ဖတ်ရတာ အဆင်မပြေရင်တော့ တိဘူး..။
ကာယကံရှင် ဖတ်မိရင်တော့ ကျနော်ခေါင်းမှာ ဘုထွက်နိုင်ပါကြောင်း..။
4 comments:
ဂလိုကိုး
ကဗျာဆရာကြီးရယ် များများရေးနော် အားပေးနေတယ်
ဆိုဒ်တွေကလည်းများလိုက်တာနော်
တစ်ခုတည်းကိုပဲ အကောင်းဆုံးရေးပါလို့ အကြံပေးချင်တယ်
@ ကိုညီမိုး
ဟုတ် အဲတီ အတိုင်းပါပဲ..။ ဖတ်ပေးလို့ ကျေးဇူး
@ အောင်ကျော်ခိုင်
အားပေးလို့ကျေးဇူးပဲ..။ ဆိုက်တွေ လုပ်နေရရင်ပျော်လို့ပါ..။ ဘာပဲဖြစ်ဖြစ် ဆိုက်တစ်ခုကို ပုံစံတစ်မျိုးလေးနဲ့ လုပ်မှာမို့ ..။ နားလည်ပေးပါ..။
အကြံပေးတာတော့ ကျေးဇူးတင်ပါတယ်ဗျ
အရေးအသားတွေကောင်းတယ်ဗျာ
Post a Comment