Sunday, October 30, 2011

မသိစိတ်က ချစ်တယ်

မနေ့ကလည်း မင်းကိုချစ်တယ်။
ဒီနေ့လည်း မင်းကိုချစ်တယ်။
မနက်ဖြန်လည်း မင်းကိုချစ်မှာပဲ။
ထာဝရ တစ်သက်လုံးချစ်သွားမှာပါ..။

ဒီစကားတွေက ငါ့ရင်ဘတ်ထဲက လာတာမဟုတ်ပါဘူး..။
ငါအရင်က ဖတ်ခဲ့ဖူးတဲ့ အချစ်အတွေးလေးတွေက
ငါ့ရဲ့ မသိစိတ်လေးထဲမှာ ကိန်းအောင်းနေပြီးတော့
ငါ့ရဲ့ သွေးတွေ နှလုံးသားကို စီးဆင်းလိုက်တိုင်း
စကားလုံး တစ်လုံးချင်း လှုံ့ဆော်ပေးလို့ ဒီစကားတွေ
အလိုလို ထွက်လာခဲ့တာပဲ..။
ဒါဟာ မသိစိတ်က ချစ်သတဲ့လား..။

ငါမင်းကို မေ့ထားခဲ့တာကြာပါပြီ။ တခြားသူရင်ခွင်ကို
မှေးစက်နေသ၍ပေါ့။ အချစ်ဆိုတာ ပြောင်းလဲခြင်းတရားတွေထဲမှာ
မပါဘူးလို့ ငါထင်တယ်။ ငါမပြောင်းလဲဘူးနော်။
မနေ့ကထိ ဒီနေ့ထိ ငါ ချစ်တယ်။ မနက်ဖြန်လည်း ငါချစ်ဦးမှာပဲ။
ရန်သူရဲ့ အကျဉ်းစခန်းထဲရောက်နေမယ်ဆိုရင်တောင် ငါ့အချစ်တွေကတော့
ပိတ်လှောင်မခံရပါဘူး။

ပြောလိုက်ချင်တယ် အမိ။
သာဓကတစ်ခုကို ပြောရရင် ဒဿလို အချစ်မျိုးနဲ့
မချစ်ပါဘူး။ ငါက ဒဿဖြစ်နေရင်လည်းပေါ့။
မင်းက ငါ့ကို မနှောင့်ယှက်ပါနဲ့လို့ မပြောပေမယ့်
ငါမင်းကို စောင့်လျက်နေမိတုန်း။
တောင်းပန်လို့ရရင် ငါတစ်ခုပဲ တောင်းပန်ချင်တယ်။
မင်းကျေနပ်အောင်ပေါ့။
ငါပြောခဲ့တဲ့စကားတစ်ခွန်း ..." ချစ်တယ် " ဆိုတဲ့ စကားတစ်ခွန်း။
အဲဒီစကားအတွက်ပေါ့။
ငါ့ကို ခွင့်လွှတ်ပါ..။ ငါမင်းကို ချစ်နေဆဲ.. ချစ်နေမြဲ..။

1 comments:

Post a Comment