3:39 AM -
စကားပြောခြင်း
No comments
စကားပြောခြင်း
No comments
ယုံပေးပါ

စကားတစ်ခွန်းကို ပြောမယ်လေ
နင်သိပါတယ် ငါဘာပြောမလဲဆိုတာ
ဖြစ်နိုင် မဖြစ်နိုင်လည်း နင်သိပါတယ်
ငါ နင့်ကို ချစ်တယ်..။
နင်ကတော့ အချစ်ဆိုတာကို နင်မနက်တိုင်း သောက်နေတဲ့ ကော်ဖီတစ်ခွက်လိုပဲ..ထင်နေလားမသိဘူး.။
အချစ်ဆိုတာ နံနက်စာမဟုတ်ပါဘူးဟာ..။
အပျင်းပြေစားတဲ့ နေကြာစေ့လည်း မဟုတ်ဘူး..။
လေးလေးနက်နက်တွေးရင် အချစ်ဆိုတာ ပြောင်းလဲခြင်းတစ်ခုတဲ့..။
ခဏ ခဏ ပြောင်းလဲနေဖို့တော့ မကောင်းပါဘူးဟာ..။
ငါနင့်ကို ချစ်တယ်..။ လုံးဝ မပြောင်းလဲဘူး ..။ အရာရာဟာ ငါ့အတွက် မဟုတ်တော့ဘူးဆိုရင်တောင်
နင်သာငါ့ကို ချစ်မယ်ဆိုရင် ငါသေ၀ံ့ပါတယ်..။
အချစ်အတွက် အသက်ပင်သေသေပေါ့ဟာ..။ ငါဘယ်လောက်ချစ်ချစ် နင့်အတွက် ဟာသဖြစ်နေခဲ့ရင်
နင်ပျော်တဲ့အတွက် ငါလည်း ပျော်ပါတယ်..။
ဒါပေမယ့် ငါနင့်ကို တကယ်ချစ်တယ်ဆိုတာတော့ ယုံပေးပါဟာ..။
0 comments:
Post a Comment