Saturday, October 29, 2011

သွေးရူးသွေးတန်း

ငါဟာ ညတွေ တိုင်းမှာ ကယောင်ကတန်း တမ်းတမိတယ်။

အခုထက်ထိတော့ ငါသေချာ အိပ်လို့မရသေးဘူး။

ငါ့နှလုံးသားက ခုန်နေတာမဟုတ်ဘူး ။ သွေးရူးသွေးတန်း တုန်ခါနေတာ..။

မျှော်လင့်ခြင်းကို သစ်ပင်စိုက်တတ်တဲ့ သူ ဆိုရင်တော့ ငါ့ အိပ်မက်တွေ လှပနေမှာပေါ့..။

နွေရာသီမှာ မိုးသီးကျ ၊ ဆောင်းရာသီ မှာ ဟုန်းဟုန်းတောက်လောင်နေအောင်

အာသီတတွေက ဗြောင်းဆန်ကုန်ပြီ ..။ တစ်ခါတစ်လေတော့လည်း 

ငါပြောသမျှ ကို ခေါင်းငြိမ့်နားထောင်ပေးတဲ့ ဘယ်သူမဆို လိုချင်ရဲ့..။

ငါအခုထိတော့ ငါ ကယောင်ကတမ်း သွေးရူးသွေးတန်း။

အော် မိုးချုပ်ပြီ ။ ညလည်းနက်ပြီ ။ တိတ်ဆိတ်နေတုန်း ငါစာရိုက်သံတွေက

ငါသွေးရူးသွေးတန်း အိပ်မက်တွေ ဖြစ်စေသတည်း။

0 comments:

Post a Comment