Sunday, September 25, 2011

နေ့စွဲ (26.9.2011)

ခံစားမိတာလေး ရေးချင်လို့ဗျ

ကျနော် ဒီနေ့ စိတ်ထဲမှာ တမ်းတမ်းတတလေး သတိရတယ်ဗျာ

ရင်ခုန်မှုလေးတစ်ခုဟာ ရင်ဘတ်ထဲမှာ နွေးခနဲ နွေးခနဲ ဖြစ်ဖြစ်လာတယ်..။

လက်ဝါးနှစ်ဖက်နဲ့ ရင်အုံလေးကို စမ်းမိတော့ ကျနော့် စိတ်တွေ ပူနွေး လတ်ဆတ်လာတယ်..။

အာရုံတွေ ရှင်းလင်းလာတယ်..။ ဒါဟာ အချစ်ကပေးတဲ့ခံစားမှုလေးပေါ့..။

လွမ်းတယ်လို့ ပြောတာထက် သတိရတယ်လို့ပဲ သုံးနှုန်းချင်သေးတယ်ဗျာ..။

သူမကို ကျနော် သိပ်ချစ်တယ်ဆိုတာပဲ ရှိသေးလို့ပေါ့ဗျာ..။

ဒီနေ့ မနက်မိုးလင်းတည်းက ထူးထူးခြားခြား အရမ်းသတိရတယ်..။ အချစ်ဟာ အချိန်တိုင်းသတိရမှုကို ဖြစ်စေတယ်တဲ့..။

ကျနော် အရမ်းချစ်တယ်ဗျာ..။ ဒီလိုပြောဖို့အခွင့်အရေးရမယ်ဆိုရင်

ကမ္ဘာကြီးမှာ အဓိပ္ပာယ်ရှိတာ တစ်ခုခု ကျနော့်အတွက် ရှိနေသေးတယ်လို့ ကျနော်ယုံကြည်ပါပြီ..။

နေရာတွေ ဝေးနေတဲ့ အချစ်ခရီးလမ်းဟာ ကျနော့်အတွက်တော့ ပန်းခင်းလမ်းဖြစ်ဖြစ် ခရောင်းလမ်းဖြစ်ဖြစ် ကျနော်

သူမ လက်ကို တွဲဖို့ ဖြတ်သန်းဖို့ ကြိုးစားမယ်ဗျာ..။

ဒီစာကို ဖတ်ပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်..။

ရင်ခုန်စွာရူးနေတဲ့ green

0 comments:

Post a Comment