Tuesday, September 27, 2011

Facebook နဲ့ ကျနော် ..

facebook တဲ့ ဟီဟိ ဟာသလိုလို သဘောတရားကြီးတစ်ခုလိုလို ဗျာ ရေးထားတာလေး ဖတ်ရတယ်ဗျာ

ဖတ်ချင်ရင် ဒီမှာ သွားဖတ်ပေရော့...။

ကျနော်လည်း social မကျတာတော့ မဟုတ်ဘူးဗျာ..။

ဒါပေမယ့် ဖေ့ဘွတ်ကို ဘယ်လိုသဘောာထားမိလည်း မသိပါဘူးဗျာ.။

အဟဲ ခင်ညားကတော့ ဖေ့ဘွတ်ခရေဇီဆိုရင် ကျနော့်ကို ရယ်လိုက်ပေါ့ဗျာ..။

ဖေ့ဘွတ်ကို သုံးကို မသုံးတာဗျာ..။ ဒါပေမယ့်

ကျနော်အခု ဖေ့ဘွတ်ဝင်ဖြစ်တယ်..။ ကျနော့်ဆီမေးလ်ပို့ချင်ရင် aungminoo252@facebook.com ကို ပို့လိုက်..ဟဲ ဟဲ..။

ဖေ့ဘွတ်ကို ကျနော်က ကျနော့်ချစ်သူလို သဘောထားတယ်ဗျာ..။

ဟဲ.. ခုနက ကျနော် ပေးထားတဲ့ လင့်က စာကို ဖတ်ပြီးပြီထင်လို့နော်..။ ပြောပြနေတာ..။

ကျနော်ချစ်တဲ့ ကောင်မလေးက ဖေ့ဘွတ်ခရေဇီလေးဆိုတော့ ကျနော်လည်း လိုက်ခရေစီရမှာပေါ့ ဟုတ်တယ်မလား ဒါပေမယ့် ကျနော် အကျိုးရှိတယ် ဆိုရမှာပေါ့

အလွမ်းပြေ သူမရဲ့ ပုံလေးတွေကို သွားသွားငမ်းလို့ရတယ်လေ..။

ဒါပေမယ့် ကျနော် သ၀န်မတိုမိအောင် စိတ်ထဲမခံချိမဖြစ်အောင်လည်း နေရသေးတယ်ဗျ..။ ကျနော့်ချစ်သူက ပင်လယ်ရေမဟုတ်တော့ ဘယ်သူသောက်သောက်မကုန်ဘူးလို့

ပြောနေကျစကားကို သုံးလို့မဖြစ်ဘူးလေ..။ဒါကြောင့် လိုက်ပြီးတော့ check လုပ်ရတာလည်း မောလိုက်တာ..။

ဖေ့ဘွတ်လေးကနေတစ်ဆင့် ချစ်နေခွင့်ရမယ်ဆိုရင်တော့ ကျနော် အတွက် အချစ်ဟာ ဖေ့ဘွတ်လို့ပြောရမယ်ထင်တယ် ဟီ ဟိ..။

နောက်မှ ဖေ့ဘွတ်ပုံပြင်လေး ပြောပြမယ်ဗျာ နော်..။

ကျနော် သူ့ကို အရမ်းချစ်တယ်ဆိုတာ သေချာတယ်..။ ဖေ့ဘွတ်က ကျနော့်အတွက် အချစ်ကို ဖော်ဆောင်ပေးလိမ့်မယ်လို့ ထင်တယ်ဗျာ..။

ဖေ့ဘွတ်ကနေ ချစ်သူရှာတယ်တော့ မဟုတ်ဘူးဗျာ..။ ဒါပေမယ့် ဖေ့ဘွတ်မှာ အချစ်ကိုရှာဖွေတွေ့ရှိတယ်ဆိုရင်တော့

အဟဲ ဟုတ်တယ်လို့ ခေါင်းငြိမ့်ပြချင်လိုက်တာ..။

ဖေ့ဘွတ်က ကော်မန့်လေးတွေသာ စကားပြောတတ်ရင် သူမကို ချစ်တယ် ချစ်တယ်လို့ ကျနော့် နှလုံးခုန်သံစည်းချက်အတိုင်း ပြောနေမိတယ်လို့

သူတို့ပြောပေးကြလိမ့်မယ်ဗျ..။

ကဲ ချစ်သူရေ social network ဆိုတာ စိတ်ကို လေးမြတ်စေရုံသာမက အချစ်ကို လည်း ပျော်ရွင်စေလိမ့်မယ်လို့ ယုံကြည်ပါရစေ

0 comments:

Post a Comment