Tuesday, September 27, 2011

26.9.2011

ဒီနေ့ မနက် ထပြီး ကော်ဖီသောက်သည်..။ ထုံးစံအတိုင်းပဲ ဖြစ်သည်..။

ရုံးကို သွားနေကျ စူပါကပ် ဆိုင်ကယ်လေးနှင့် တဝေါဝေါပြေးနှင်ထွက်သွားသည်..။

ရုံးကို ရောက်တော့ လတ်တလော လုပ်စရာအလုပ်မရှိသေး။ သေရော..။ မီးလည်း မလာဘူးဗျာ..။

`မင်းလေးသာ´ ဆိုတဲ့ သီချင်းလေးကို Flash song လက်စသတ်လုပ်ဦးမည် လို့ စိတ်ကူးထားသောကြောင့် ဖြစ်သည်..။

ကျနော့်ကို `ဟင် ဘယ်လိုကြီး လဲ အလုပ်သွားတယ်လည်း ပြောသေးတယ် အလုပ်အကြောင်းလည်း မပြောပါလား´ဟု ထင်နိုင်သည်..။

ဆောက်လုပ်ရေးကုမ္ပဏီဆိုတော့ မိုးတွင်းပိုင်းမှာ လုပ်ငန်း မရှိသောကြောင့် အနည်းငယ်အားသည်..။ တစ်ခါတစ်လေ တစ်နေ့လုံးအားသည်..။

သို့သော် မန်နေဂျာ မမ လစ်အောင်တော့ အရိပ်အချည်ကြည့်ရသေးသည်.. :P

မီးလည်းမလာသေးသောကြောင့် ထိုင်ခုံလေးမှာပဲ ထိုင်ပြီး ချစ်သူကို သတိရနေလိုက်သည်..။

သတိရသည် ဆိုသည်မှာ နင့်နင်နဲနဲသတိရလိုက်ခြင်းဖြစ်သည်..။ အချိန်တိုင်း သတိရနေမိပါသည်။

သိပ်မကြာသေး မီးလာခဲ့သည်..။ ဘက်ထရီကုန်နေသော လက်တော့ကို အားသွင်းကြိုးလေးတပ်ပြီး နက်ဝေါ့ချိတ်ပြီး မေးလ်စစ်သည်..။

facebook ဖွင့်သည်..။ ဒီဆိုက်လေးကို နည်းနည်းပါးပါး မိန်းတိန်းလုပ်လိုက်သေးတယ်..။

ပြီးနောက် ဖုန်းလာတော့ မန်နေဂျာမမက ခြံစည်းရိုးခတ်ဖို့ Estimate တွက်ခိုင်းသည်..။

တစ်နေ့လုံး Estimate တွက်နေရသည်..။

အွန်လိုင်း တက်ပြီး ဂျီတော့လ်တော့ မဖွင့်ချင်ပါ..။ ဘာလို့လဲ ဟု မေးလျှင် ကျနော့်ကို အော့လိုင်းနှင့် ခိုးကြည့်နေမည်ကို မလိုလားသောကြောင့်ပါ..။

ပြီးတော့ ချစ်သူက အွန်လိုင်းတက်နေသော ကျနော့်ကို စကားမပြောလျှင် နေရခက်လွန်းသည်..။ ကျနော်ကလည်း အလိုက်ကန်းဆိုးမသိ ပြောနေလျှင်လည်း

သူမက မအားဘူးဆိုရင် နှောင့်ယှက်ရာကျသည်..။ တကယ်ကို ကျနော်ကသာ ချစ်မိနေသည် မဟုတ်ပါလား..။

အွန်လိုင်းတက်မိတုန်းလေး facebook မှာ မက်ဆေ့လ်လေး  ရေးထားခဲ့သည်..။ ဒီနေ့တစ်နေ့လုံးတော့reply မရချေ..။

ထားပါ..။ ကျနော်လည်း Estimate တွက်ပျင်းသူ ပီပီ အနည်းငယ် စိတ်ညစ်မိနေသည်..။

ညနေအိမ်ပြန်ရောက်တော့ ထမင်းစားသည်.။ သူမက ကျနော့်ကို ထမင်းစားရင် သူ့အတွက်ကောပိုစားပေးနော်တဲ့..။

ကျနော် ခါတိုင်းစားနေကျထက် ပိုစားဖြစ်သည်..။ သို့သော် ဒီနေ့ညနေလည်း ခါတိုင်းလိုပဲ အကြော်ဆိုင်မှ အကြော်၊ အသုပ်ဆိုင်မှ အသုပ်၊ အကင်ဆိုင်မှ အကင် တို့ဖြင့်သာ

လွေးလိုက်ရသည်..။ စားလို့တော့ကောင်းပါသည်..။ ထမင်းစားနေတုန်းလည်း သတိရမိပြန်သည်..။

ထမင်းစာြး့ပီး ဗီဒီယို ကြည့်မယ်ဆိုတာ့ ကျနော်ကြိုက်တဲ့ မင်းသမီးလေး ၀တ်မှုန်ရွှေရည် ဇာတ်ကားကိုကျနော်အမက ငှားပေးခဲ့သည်..။

ဇာတ်လမ်းတစ်ဝက်လောက်ကြည့်ပီးတော့ သူမကို အရမ်းသတိရတော့ Flash songs လေးကို ပဲ စိတ်နှစ်ပီး ထလုပ်နေမိသည်..။

ဟိုနေ့က သီချင်းလေး နားထောင်ခိုင်းမိသည်။ ပို့လိုက်တဲ့သီချင်းက တီးလုံးချည်းဖြစ်နေသည်တဲ့..။ အခုတော့ ဖလက်ဆောင်းလေး ပြီးသွားပီဆိုတော့

ဖလက်ဆောင်းလေး ပဲ နားထောင်ခိုင်းလိုက်မယ်ဟု စိတ်ကူးထဲ ပျော်နေမိသည်..။ သို့သော် ကျနော် ဆိုထားတာလေးက သိပ်တော့မကောင်းတော့ သူမကြိုက်ရင် အားနာပါးနာနားထောင်ပေးရင်တောင်

ပျော်မိမှာပါပဲလေ..။

အိပ်တော့မည် ဟုတွေးမိသည်..။ ဒီစာကို ခေါင်းလေး ခေါင်းအုံးပေါ်တင်ပြီးရိုက်နေမိသည်..။

နောက်ဆုံး တစ်ကြောင်းရိုက်ပြီးရင် အိပ်တော့မယ်ဗျာ...။

အရမ်းချစ်တယ် ဗျာ..အရမ်း ချစ်တယ် ရင်ထဲက နင့်နင့်နဲနဲကို ချစ်တယ်..။

အိပ်ပြီ...11:52PM..

 

ရူးသွပ်စွာ ချစ်မိနေသူ................green

0 comments:

Post a Comment