Thursday, September 29, 2011

28.9.2011

ဒီနေ့တော့ အွန်လိုင်းတက်ဖြစ်သည်။

ဒါပေမယ့် တွေ့ချင်တဲ့သူနဲ့တော့ မတွေ့ပါဘူး။ ကျနော်တွေ့ချင်တာ ဘယ်သူလဲ သိတယ်ဟုတ်စ ..ဟဲ။

ထားပါ..။ ဖေ့ဘွတ်ဖွင့်သည်။ မက်ဆေ့ရေးသည်။ ကော်မန့်ရေးသည်။

ဂျီတော့လ်လည်းဖွင့်မိသည်။ အမတစ်ယောက်ကို `မင်းလေးသာ´ဆိုတဲ့ သီချင်းနားထောင်ခိုင်းသည်။

ကောင်းပါသည်ဟု အားပေးပါသည်။ ပြီးတော့ သူက ကျနော့်ကို မေးသည်။

`နင် ဘယ်သူ့ကို ချစ်နေတာလဲ´ တဲ့။

ပြီးတော့ ကိုခန့်ရဲ့ အသဲကွဲနေတဲ့ ကဗျာလေးကို ဖေ့ဘွတ်မှာ ဖတ်ရတော့

သောက်ရအောင်လေ လို့နောက်လိုက်တယ် ..။ သူကလည်း သောက်မယ်လို့ပြောရင် သွက်သလားမမေးနဲ့ဗျာ..။

ပြန်ပြီးတော့ အချိန်းအချက်လုပ်တယ်ဗျ ဟီး..။

ညနေပိုင်း ရုံးဆင်းတော့ ရွှေမြို့သစ် ( မနောကွင်းနားက ) ဆိုင်မှာ သွားကစ်ကြတာပေါ့..။

ကျနော် အရက်မသောက်ပါဘူး။ ဘီဘီလောက်ပဲ ဟဲ..။ ပြန်ခါနီးနှစ်ခွက်လောက်တော့ ကစ်လိုက်သေးတယ်။

ညမိုးချုပ်လို့ အိမ်က စိတ်ပူပြီး  ရုံးမှာသွားရှာကြသေးတယ်တဲ့။ မတတ်နိုင်ဘူးလေ..။

ယောကျာ်းလေးပဲ နည်းနည်းပါးပါးတော့ရှိမှာပေါ့..။

ကျနော့် nick name က green ဆိုတော့ ကျနော့်ကို မမစိမ်းလို့ ခေါ်နေတယ်ဗျာ..။

လာပြီးတော့ မမ တဲ့..။

ကျနော်က ကျနော့်ကို မမလို့ ခေါ်ရတာ ပျော်လားလို့ပြောတော့ အင်း တဲ့။

ဒီတော့ သီတင်းကျွတ်ကျရင် ထမီတထည်လောက်လာကန်တော့လို့ ပြောလိုက်တယ် .။ ဟီး..။

ရုံးမှာလည်း Estimate တွေ အများကြီးတွက်ခိုင်းထားတယ်ဗျာ..။ စိတ်ညစ်တယ်..။ ကျနော်က Estimate တွက်ပျင်းတယ်ဗျ..။

ဒီနေ့လည်း ယောင်လည်လည်နဲ့ပဲ မတွက်ဖြစ်ဘူး..။

မန်နေဂျာ မမ ကတော့ ညောင်တော့မှာပဲ..။ Estimate မတွက်ချင်လို့ မြေသွားတိုင်းမလို့ မြေစာရင်းရုံးကို ဖုန်းဆက်တာ ဖုန်းက ဆက်မရဘူး။ လေတယ်။

အခုတစ်လော ချစ်သူကို မတွေ့ဖြစ်ဘူးးဗျာ..။ ကြာရင်သွေးအေးသွားမလားမသိဘူးဗျာ..။ စိတ်ပူတယ်..။

ကျနော်တော့ ရူးးနေပီဗျ..။ အချစ်နတ်ဖမ်းစားခံနေရပြီထင်တယ်..။ ချစ်တယ်လို့ နောက်တစ်ခေါက်လောက်ထပ်ပြောချင်တယ်..။

ဒါပေမယ့် ပထမပြောသလို အကျိုးအကြောင်းမဆီလျော်ရင် ဒုက္ခပါပဲ..။ သူ့စိတ်ထဲမှာ ဘာတွေတွေးနေလဲ မသိဘူးဗျာ..။

တစ်ခါတစ်လေကျတော့လည်း အချစ်ဆိုတာက ခက်သားဗျ..။ ကျနော်က သူ့ကို ချစ်တယ်..။ သူက တခြားတစ်ယောက်ကို ချစ်နေမှာလည်း စိုးတယ်..။ ဟူး..။

ပြောပြချင်လိုက်တာဗျာ..။ ကျနော့်ဘ၀မှာ ဘယ်သူ့ကိုမှ ဒီလိုမျိုး ရင်မခုန်ဖူးဘူးးဗျ..။ အခုရင်ခုန်တာက အသက်ရှူလည်း ကြပ်တယ်..။ ဘာမှန်းမသိတဲ့ အရာတစ်ခုကို

လိုချင်နေတယ်..။ ကျနော်ပြောပြနေတာကို နားလည်တဲ့သူက နားလည်မှာပါဗျာ..။

ဖတ်ပေးတဲ့အတွက် ကျေးဇူးပဲ တာ့တာနော်..။

0 comments:

Post a Comment