Tuesday, October 11, 2011

ကလေးရယ်..ရူးသွပ်နေရမလား (9.10.2011)

ဒိုင်ယာရီ နှစ်ရက်မရေးဖြစ်ပါဘူး..။ ကျနော် မရေးချင်လို့မဟုတ်ပါဘူး..။ အခုနှစ်ရက်အတွင်းမှာ ဘာတွေ လုပ်ဖြစ်လဲဆိုတော့ခါတိုင်းလိုပါပဲ..။

၇ရက်နေ့ က မတွေ့တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းလာသည်။ သူနှင့်အတူ ကောင်မလေး တစ်ယောက်ပါလာသည်။ သူ့ကောင်မလေးဟုထင်သည်။

ဆိုင်သွားမယ်တဲ့ ။ ရုံးဆင်းချိန်လေး အချိန်ကိုက်လာခဲ့သည်မို့ အင်းလေ သွားကြတာပေါ့လို့ ဆိုပြီးတော့ သွားကြတယ်..။ ဆိုင်ရောက်မှ ဟေ့ကောင်မင်းကို ငါဆို့မင်္ဂလာဆောင်မင်းကို

မဖိတ်လိုက်ရဘူး ဆောရီးကွာတဲ့..။ ဟိုက်..မယုံဘူးဖြစ်သွားသည်။ တကယ်ဟုတ်တယ်ဟ..။

သူမိတ်ဆက်ပေးသည်။ သူ့ထက်ကြီးသည်တဲ့ ၆လ ..။ ဒီတော့ ကျနော်ထက်ကြီးတော့ အမဟု ခေါ်ဖြစ်သည်။ ကိုယ့်သူငယ်ချင်းနဲ့တွေ့တာတောင် ကိုယ့်ကိုယ်ကို ကျနော်ဟု ပြောမိနေသည်..။

သူတို့က နှစ်ယောက်လုံးမိုးကောင်းကဖြစ်ကြသည်တဲ့.။ ဘယ်လိုတွေ့လဲ ဟု တော့ မမေးမိသေးပါဘူး..။ နောက်မှ မေးမှာပေါ့။ ကျနော်သူငယ်ချင်း စိုင်းမင်းဦးဖြစ်သည်..။

ဒီကောင်နှင့်ကျနော်က နာမည်လည်း နှစ်လုံးတူသည်။ ၀ါသနာတူသည် အကျင့်တူသည်..။ အခုတောာ့ သူ မိန်းမရသွားပြီပေါ့..။ သူ့မိန်းမကို နွယ်လေးဟုခေါ်သည်တဲ့..။

ဟေ့ကောင် နွယ်လေးက ငါ့အပေါ်အရမ်းနားလည်မှုပေးတယ်ကွဆိုပြီး ဟင့် ဆေးလိပ်တောင် မီးညှိခိုင်းသေးသည်။ အင်းပေါ့လေ..။ ဆြာကြီးကို..။

ဒီနေ့ ညနေတောင် သူနဲ့တွေ့ဖို့ချိန်းထားသေးသည်။

ပြီးတော့ ကိုခန့်ကို မနေ့က သူ့ရုံးမှာသွားကြိုပေးသည် ..။ ညီလေး ကိုယ်ပြန်ဖို့ လာကြိုပေးပါလားတဲ့..။ အပန်းမကြီးပါဘူး..။ သွားကြိုတော့ အသဲကွဲသူကြီးက ပြုံးလို့ ရွှင်လို့ဗျ..

အရက်လည်းသောက်တော့ဘူးးလို့ ပြောသေးသည်..။ ပြန်အိုကေသွားပြီလားဆိုတော့ အင်းတဲ့…။

ဒီနှစ်ရက်မှာသူငယ်ချင်းတွေနဲ့တွေ့ရတာ စိတ်ချမ်းသာသည်..။ သူတို့ဘ၀တွေကတော့ အလွမ်းအဆွေးအရိပ်အယောင်တွေ မတွေ့ရလို့ပေါ့..။ ကျနော်ကကော….။

ထားပါ..။

ဒီရက်ပိုင်း  ခြောက်ရက်လောက်ရှိသွားပြီ  မတွေ့ဖြစ်ဘူး..။ ဘာတွေ လုပ်နေလဲ လည်း မသိဘူး။ တကယ်တော့ ကျနော်မှာ အဲလိုတွေးပိုင်ခွင့်မရှိပါဘူး..။

အခုတစ်လော စိတ်တွေ မတည်ငြိမ်ဘူးဗျာ ..။ ပြောနေကျဆိုတော့ စိတ်လေတယ်ပေါ့..။

အဲလက်စ်ရဲ့ ကလေးရယ် ဆိုတဲ့ သီချင်းလေး နားထောင်ဖြစ်သည်..။
ကလေးရယ် ဘာကြောင့်  မင်းလေးနဲ့တွေ့မှ ငါ့စိတ်တွေ ယိုင်လည်း

ကလေးရယ် အချိန်ရှိတိုင်းပဲပေါ့ မျက်စိနဲ့ မင်းအရိပ်တွေပါပဲ

ကလေးရယ် ကိုယ်ဟာပျော့ညံ့နဲ့ စိတ်နဲ့ ရူးလို့နေရမလား

အခုကျနော် သူ့ကို သတိရနေတယ်..။ ဘာလို့လဲဆိုတော့ အချိန်တိုင်းသတိရနေလို့ပါ..။ စကားတွေ ပြောချင်တယ်..။ သူနဲ့ ရန်ဖြစ်ချင်မိသည်။ သူက မမစိမ်းလို့ ခေါ်တာကိုလည်းလွမ်းတယ်ဗျာ..။

ကျနော် သူ့ကိုချစ်တယ်ဗျာ..။ အာရုံမိုးလင်းလို့ မနက်ခင်းရောက်တိုင်း မစဉ်းစားဘဲနဲ့ ရောက်ရောက်လာတယ် သူ့ကိုချစ်တယ်ဆိုတဲ့ ခံစားမှုလေးကပေါ့..။

ကျေးဇူးတင်ပါသည်..။    ။

0 comments:

Post a Comment