Friday, October 7, 2011

6.10.2011 ( မတွေ့ရတဲ့နေ့လေးပေါ့)

ဒီနေ့ ရုံးမတက်ပါဘူး..။ ဒီနေ့ ကျနော်ဘာလုပ်ဖြစ်လဲ ဆိုတာကို ကျနော်မရေးတော့ပါဘူး..။

ဒီနေ့ အွန်လိုင်းတက်ဖြစ်ပါသည်။ ဘာအတွက်လဲဆိုတော့ ကျနော် ဟာသပုံစံလေးတစ်ခုကို ပေ့စ်လေးတစ်ခုလုပ်လိုက်သောကြောင့်ပါ။

အဲဒါလေး တင်ဖို့ပေါ့..။

လိုင်းက လုံးဝမကောင်းဘူးဗျာ ။ အောင်အောင်မြင်မြင် မတင်ပြီးဘဲ တွေ့တဲ့ သီချင်းတစ်ပုဒ်နဲ့ တင်လိုက်ရတယ်..။

ပြီးတော့ ကျနော်ပြန်ခါနီးပေါ့..။ သူ့ ဂျီတော့လ်အကောင့်လေး မှာ လင့်လေး ပို့ထားပေးလိုက်သည်။ ပုံလေးက ဓာတ်ပုံနှစ်ပုံပါ..။

အဲဒါကို animation လုပ်လိုက်တော့ ပိကျိ ပိကျိ ပြောနေတဲ့ ပုံလေးဖြစ်သွားတာပေါ့..။ သူတွေ့ရင် ရယ်မယ်လို့တော့ ကျနော်ထင်မိသည်။

ကျနော် သူ့ကို ပျော်စေချင်မိသည်။ အခုတစ်လော ကျနော် စိတ်ညစ်နေပါသည်။ အကြောင်းအရာတွေ အများကြီးပေါ့..။

ထားပါ..။

ကျနော် မနေ့ညက  အရက်တော်တော်မူးသည်အထိသောက်မိသည်။ ဒါပေမယ့်မူးနေတာကို ကျနော်သူ့ကို သတိရနေသည်..။

ကျနော် သူ့ကို မေ့နိုင်အောင် ကြိုးစားရမည်။ ဘာလို့လဲ ဆိုတော့ မဖြစ်နိုင်တဲ့ အရာတစ်ခုကို အတင်းမလုပ်ယူချင်ပါဘူးလေ..။

ကိုခန့်ကတော့ မိန်းမတွေ မကောင်းဘူးလို့ ပြောစပြုလာသည်..။ ထားပါ..။ အချစ်က အသည်းကို ကွဲစေသည်..။

အရက် က အသည်းကို ခြောက်စေသည် ..။ နှစ်ခုလုံးမကောင်းဘူးတဲ့..။ ဒါပေမယ့် သူချစ်တတ်ခဲ့တာကို ကျနော် သိနေခဲ့သည်..။ သူ တစ်ကယ်ချစ်ခဲ့သည်..။

အခုတော့ သူက အချစ်အတွက် ဘာလုပ်မည် ကျနော်မသိ..။ ကျနော်လည်း ဘာလုပ်ရမည်မသိ..။ ကိုခန့် အကြံဥာဏ်တော့ မယူချင်..။

ညနေတိုင်း အရက်ဆိုင်ရောက်ဖြစ်နေမည်ဖြစ်သောကြောင့် ပါ..။

ကျနော်အချစ်ဆိုတာကို ဘယ်တော့မှ မယုံခဲ့ဘူးဗျ..။ ဒါပေမယ့် ကျနော် မယုံခဲ့တဲ့ အချစ်က ကျနော့်ကို အယုံအကြည်ကင်းမဲ့အောင် လုပ်နေသည်ဟုထင်သည်။

ကျနော် သူ့ကို အရမ်းချစ်တယ်ဆိုတာ ကျိန်ဝံ့ပါသည်..။ ဒါပေမယ့် ကျနော် ဘယ်သူ့ကို ကျိန်ပြရမှာလဲ..။ ရယ်ရတယ်နော်..။

ကျနော် ဘာတွေ လုပ်မိနေတယ်..။ ဘာတွေ စိတ်ကူးနေတယ် ..။ ကျနော်မသိတော့ဘူးနော်..။ ကျနော် အယုံအကြည်မဲ့နေတာမဟုတ်ဘူးဗျ..။

တိတိကျကျပြောရရင် တိတ်တခိုး အသည်းကွဲနေတာဗျ..။ ကဗျာ ဆန်ဆန်ပြောရရင်..ဟာသဆန်သွားမယ်ထင်တယ်..။

အချစ်ဆိုတာ ပြိုင်ပွဲတစ်ခုဆိုရင် ကျနော်က သူများတွေ ဆုပေးနေတဲ့အချိန်မှ စာရင်းပေးမိနေတဲ့သူတစ်ယောက်ပေါ့ဗျာ..။

ဒီနေ့ သူ့ကို အရမ်းတွေ့ချင်မိတဲ့ စိတ်နဲ့ စကားလေးတစ်ခွန်းလောက် ပြောချင်မိသည်..။ သို့သော် မတွေ့ရတဲ့နေ့လေးပေါ့..။

နောက်နေ့တွေမှာလည်း မတွေ့ရင် ကျနော် မေ့သွားမယ်ဆိုရင် ကျနော် ဒီနေ့လိုပဲ လွမ်းလိုက်မယ်လေ..။

0 comments:

Post a Comment