Thursday, October 6, 2011

5.10.2011 ( ရူးရူးမူးမူး ခံစားမိပြန်တာပေါ့ )



ဒီနေ့ ရုံးမှာ သူဌေးနဲ့ မန်နေဂျာမမ နဲ့ မရမ်းရာဘာခြံသွားသည်။

ရုံးမှာ လွတ်လွတ်လပ်လပ်ပဲပေါ့။ ကျနော့်ကို တန်ဖိုးနည်းအိမ်ယာများနှင့် ခြံစည်းရိုး ပြုလုပ်ခြင်းအတွက်

ကြေငြာ vinyl လုပ်ခိုင်းထားသည်။ ခြံစည်းရိုးပြုလုပ်ခြင်းအတွက် vinyl မှာပြီးသွားပြီဖြစ်၍ တန်ဖိုးနည်းအိမ်ယာများအတွက်မူ

မပြီးပြတ်သေးပါ။ ဒီနေ့ အွန်လိုင်းသုံးဖြစ်သည်။ သို့သော် ချစ်သူကို တော့ ဘာမှ စကားစမြည်ပင် မပြောဖြစ်ပါဘူး။

ညနေရောက်တော့ ကိုခန့်ရယ် အီမိုဝိုင်းလေးရယ် ကျနော်ရယ် ချိန်းပြီးတော့ အရက်ဆိုင်သွားဖြစ်သည်။

အရက်ဆိုင်ထိုင်ဖြစ်ရင်တော့ မမူးခင်ထိတော့ စကားမပြောဖြစ်ပါဘူးဗျ။

မူးလာတော့ စကားတွေ လျှောက်ပြောဖြစ်သည်ပေါ့။ ည ဆယ့်တစ်နာရီလောက်မှ ပြန်ဖြစ်ကြသည်။

အခု ပြန်ရောက်တော့ ဒီစာလေးကို ရေးနေပါသည်။ ဒီစာလေးရေးနေတုန်း သူမပုံလေးတွေကို ဖွင့်ကြည့်ပြီး ရင်ထဲမှာ နင့်နင့်နဲနဲ ခံစားရပါသည်။

ကျနော် အရမ်းချစ်တယ်လို့ ခံစားမိသည်။ ကိုခန့်ကတော့ သူ့ကောင်မလေးအတွက်  အသည်းကွဲနေသည်ဟုဆိုပါသည်။

ကျနော်ကကော အသည်းကွဲနေတာလားလို့ ဘယ်လိုပြောရမလဲ။ ကျနော် သူ့ကို အရမ်းချစ်တယ်ဗျာ။ သူကသာ ကျနော့်ကို ပြန်ချစ်မယ်ဆိုရင်

ကျနော် အရမ်းပျော်မှာပဲ။ ဒါပေမယ့် သူမက တခြားသူကို ချစ်မိနေသည်ပဲလေ..။ ကျနော် ဘာတတ်နိုင်မည်လဲ။

ဒါပေမယ့် ကျနော်ချစ်နေတာကို ရုပ်သိမ်းလို့လည်း မရဘူး ၊ခေါက်ထားလို့လည်း မရဘူး၊ သိမ်းထားလို့လည်း မရဘူး ။

အရမ်းချစ်တယ်ဗျာ။ ဘာလိုချစ်တာလဲ လို့ ကျနော်ကိုမေးရင်တော့ ကျနော်သူ့ကို ချစ်တယ်။ အရမ်း အရမ်းချစ်တယ်လို့ပဲ ပြန်ဖြေမှာပါ။

သူမ ဓာတ်ပုံလေးတွေကို ကျနော် shift delete မနှိပ်ချင်ပါဘူး။ ဒါပေမယ့် ကျနော့် သူ့ပုံလေးကို ကျနော် ကြည့်မိရင် ကျနော် အရမ်းကြေကွဲရတယ်ဗျာ။

ကျနော်သာ သူ့ဆီကနေ  ဂရုစိုက်မှုလေးတစ်ခုဖြစ်ဖြစ် ရခဲ့မယ်ဆိုရင်အရမ်းပျော်မိမှာပဲဗျာ။ ကျနော် အရက်လည်းမသောက်ချင်ပါဘူး။

အရက်သောက်လည်း ကျနော့် သူ့ကိုမှ မမေ့နိုင်တာ။

ကျနော်ဘ၀မှာ သူ့ကို ကျနော် အရမ်းအလေးထားမိတယ်ဗျာ. ။ျြဖစ်နိုင်ရင် သူမကို ကျနော်ရှေ့မှာ ခေါ်ထားချင်တယ်။

ဒါဟာ အချစ်လားလို့ ကျနော်မသတ်မှတ်ချင်ပါဘူး ။ ဘာလို့လဲဆိုတော့ ကျနော် တစ်ဖတ်သက်ချစ်နေမိလို့ပါပဲ။

အခုကျနော်ဒီစာကိုရေးနေတဲ့ အချိန်မှာ နည်းနည်းမူးနေပါတယ်။ ဒါပေမယ့် ကျနော် ကျိန်ပြောဝံ့ပါသည်. .။ ကျနော်

သာ လို့ခေါ်တဲ့ ကောင်မလေးကို အသက်ထက် ချစ်မိပါသည်ဗျာ။ သူ့ဓာတ်ပုံလေးတွေကို ကြည့်မိတိုင်း ကျနော်ခံစားမိပါသည်..။

သူ့ပုံတွေကို ကျနော် shift delete နှိပ်ပြီး ဖျက်သင့်လား လို့ ကျေနာ့်ကို အကြံပေးကြပါဦးဗျာ..။

အရမ်း ခံစားမိလို့ပါ။ သာရယ် ချစ်မိတဲ့ စိတ်ကို ကျနော် ဘယ်လို လုပ်ရမှာလဲဗျာ။။

လူတစ်ယောက်ကို ချစ်မိတဲ့ စိတ်ဟာ အလိုလို ဖြစ်လာတာ မှ မဟုတ်တာ ။ ကျနော့်ကို ခွင့်လွှတ်ပါနော်..။ သာ့ ဘ၀ရဲ့ ပျော်ရွှင်မှုတွေဟာ

ကျနော့်အတွက်အရေးပါနေပါရစေဗျာ…။

သာတစ်ယောက် စိတ်ချမ်းသာ ပျော်ရွှင်နိုင်ပါစေဗျာ….။

0 comments:

Post a Comment