Tuesday, October 4, 2011

4.10.2011 ( ပျင်းခြောက်ခြောက်ကြီးပေါ့)

ဒီနေ့တော့ ဘာမှ မထူးခြားပါဘူး..။ ပျင်းခြောက်ခြောက်ကြီးလို့ခေါင်းစဉ်တပ်လိုက်ပါသည်။

ရုံးတက်သည်…။ မနက်ပိုင်း Estimate အနည်းငယ်တွက်သည်။ ကျနော် Estimate တွက်တာ တော်တော်လိုသေးသည်။

ကိုကျော်ထက်တွက်ကူသည် ။ ပြီးသွားပြီဖြစ်သည်။ ပြီးတော့  ပမ္မတီးကွက်သစ်မှာ ခြံဝင်းခတ်ခြင်းနှင့် တန်ဖိုးအိမ်ယာဆောက်လုပ်ခြင်းအတွက်

vinyl လုပ်သည်။ တော်တော်စိတ်ညစ်သည်။ မနေ့က ပြောသလိုပဲ မကျွမ်းကျင်သော အလုပ်ကို လုပ်ရသည်မှာ လွန်စွာခက်ခဲပါသည်။

ဒါပေမယ့် ခြံဝင်းခတ်ခြင်းအတွက်တော့လုပ်ပြီးသွားသည်။ ညနေရောက်သည်။ အိမ်ပြန်ပါသည်။

မနက်ဖြန် သူဌေးနှင့် မန်နေဂျာမမက မရမ်းခြံကိုသွားမည်တဲ့။ မနက်ဖြန် ပြီးအောင်လုပ်ထားဟု သူဌေးက ပြောသည်။

ဟီး ကျနော်ကလည်း ဟုတ်ကဲ့ဟုပြန်ဖြေပါသည်။  အိမ်ရောက်တော့ ထမင်းစားသည်။ဟင်းတွေကတော့

မုန်ညင်းဟင်းချို ၊ အစိမ်းကြော် နှင့် ငါးဖယ်ကြော် ၊ဆိုင်က ၀ယ်ထားတဲ့ အကြော်ရယ် ဖြစ်သည်။ ကောင်းလားမကောင်းလားတော့ မပြောတတ်ပါဘူး။

ကျနော် ထမင်းနှစ်ပန်းကန်စားသည်။ ပြီးတော့ ထုံးစံအတိုင်း အင်တာနက်ဆိုင်သွားသည်ပေါ့။ အွန်လိုင်းပေါ်ရောက်တော့ facebook က profile picture လေးပြောင်းဖြစ်သည်..။

www.mmict.net ကို ၀င်သည်..။ ကိုယ်ရေးဖိုင်လေးကို နည်းနည်းပြင်လိုက်သည်။ ပို့စ်လေး တင်ဖြစ်သည်။ ခေါင်းဆောင်နှင့် ပတ်သက်တဲ့စာစုများဆိုတဲ့ ပို့စ်လေးပေါ့။

ပြီးတော့  ဂျီတော့လ် မှာ သာ့ ကိုတွေ့သည်..။ သူ့ avator aလးက ဖုန်းလေးကို ခေါင်းအုံးထားတဲ့ ခွေးလေးထင်သည်..။

ခေါင်းအုံးမိုက်သည်ဟု ဆိုတော့ ခေါင်းကိုက်သည် တဲ့..။ ဘာလို့လဲ ဆိုတော့ စာမေးပွဲကြောင့်တဲ့။

ကျနော်လည်း အေးဆေးပါလို့ ပြီးသွားလိမ့်မယ်ဆိုတော့ အင်းအင်း တဲ့။ ပြီးတော့ ဘာမှ မပြောဖြစ်တော့ပါဘူး။ ကျနော့်မှာ ပြောစရာစကားတွေ မရှိလို့မဟုတ်ပါဘူး။

ဒါပေမယ့် ကျနော် မပြောဝံ့သောကြောင့်ပေါ့။ မပြောပါဘူး..။ သူငယ်ချင်းတွေ နဲ့လည်း စကားစမြည်မပြောတာကြာပေါ့..။

၈နာရီခွဲတော့ အိမ်ပြန်သည်။ ပြီးတော့ အိမ်ရောက်တော့ ဘာမှ မလုပ်တော့ စောစောအိပ်လိုက်သည်..။

ဒီနေ့ ကျနော့်စိတ်ခံစားချက်ကို ပြောရရင် ဘယ်လိုပြောရမလဲဗျ..။ ခရီးထွက်မယ်လို့ စိတ်ကူးထားတဲ့သူတစ်ယောက်

လက်မှတ်တွေလည်း ၀ယ်ထားပြီ။ ခရီးအတွက် လိုအပ်တာတွေ အားလုံးပြင်ဆင်နေတဲ့အချိန်မှာ ခရီးစဉ်ပျက်သွားတဲ့သူတစ်ယောက်လို

ဘာလုပ်ရမှန်းမသိတော့ တဲ့ ပျင်းခြောက်ခြောက်လူတစ်ယောက်ကြီးပေါ့..။ ကျနော် ပျော်ရွှင်အောင်နေနိုင်အောင် ကြိုးစားမည်..။

ကောင်းကင်က အပ်တစ်စင်း နဲ့ မြေပြင်က အပ်တစ်စင်း ဆုံနိုင်အောင် ကြိုးစားမည်ဟု..။

အားလုံး ပျော်ရွှင်ကြပါစေ..။

0 comments:

Post a Comment