Tuesday, October 4, 2011

3.10.2011 ( ရင်ထဲမှာ ဟာတာတာကြီးပေါ့)

ချစ်မိတဲ့သှူတစ်ယောက်ရှိလာတဲ့အခါ စိတ်တစ်ခုလုံးကို ချစ်သူကို ပုံအပ်ထားတဲ့

လူတစ်ယောက်အတွက်တော့ အချစ်တွေ ခေါက်သိမ်းထားလိုက်တော့ ရင်ထဲမှာဟာတာတာကြီးပေါ့..။

ဒီနေ့ ရုံးတက်သည်။ ရုံးရောက်တော့ ငွေပြေစာတွေ ပေးသွင်းရဖို့ အဲဒါလုပ်သည်။

ပြီးတော့ ကျောက်စိမ်းရုံးလမ်းခင်းဖို့အတွက် proposal စာအုပ်လုပ်ဖြစ်သည်။ နေ့လည် ၁၂ နာရီ ရောက်တော့ ထမင်းစားအိမ်ပြန်သည်.။

အိမ်မှာ ထမင်းမစားဖြစ်ပါဘူး။ real ကဖေးမှာ ပေါက်စီနဲ့ လက်ဖက်ရည်ကိုနေ့လည်စာသတ်မှတ်လိုက်သည်။ ပြီးတော့ ရုံးပြန်သွားသည်ပေါ့..

ရုံးသွားဖို့ စောသေးသည်ဖြစ်၍  ဆိုင်ကယ်ပြင်ရန် ဆိုင်ကယ်ပြင်ဆိုင်သွားဖြစ်သည်.။ သွားပြင်နေကျ ဆိုင်ကယ်ပြင်ဆိုင်မှာပဲပေါ့။

ဆိုင်ကယ်ပြင်ပြီးတော့ ရုံးပြန်တက်ဖြစ်သည်။ ကျနော့်ကို တန်ဖိုးနည်းအိမ်ယာများဆောက်လုပ်ရန်နှင့် ခြံဝင်းခတ်ခြင်းများ အတွက်

vinyl လုပ်ခိုင်းထားသည်။ နည်းနည်း ဦးနှောက်ခြောက်သည်။ တစ်ခါမှ မလုပ်ဖူးဘူးလေ။ ဒါပေမယ့် လုပ်ကြည့်ရမှာပေါ့..။

ကျနော် စိတ်ဝင်စားပါသည်။ နေ့လည်ပိုင်းမှာတော့ စတိုစာရင်းလုပ်သည်။ ပြီးတော့ အွန်လိုင်းတက်သေးသည်ပေါ့..။ ရုံးကနေပေါ့။

antivirus  update လုပ်ချင်သည်လည်းပါသည်..။ ထွေထွေထူးထူးတော့ မလုပ်ဖြစ်ပါ..။ www.mmict.net မှာတော့ ကျနော် ဖိုရမ်ထိန်းလုပ်နေပြီး

ဘာမှလည်း မလုပ်ပေးဖြစ်ပါ..။ စိတ်ထဲမှာတော့ တစ်ခုခုလုပ်ပေးချင်ပါသည်.။ ဒါပေမယ့် အင်တာနက်သုံးရတာကို ကျနော် စိတ်လေ စိတ်ကုန်စပြုလာပါသည်။

သတင်းအချက်အလက်များ ရယူရန်လွယ်ကူသည်…။ မိမိရဲ့ဖွင့်ဟချက်တွေကို နားလည်ဖတ်ရှုပေးမယ့်သူတွေလည်းရှိသည်.။

ကျနော်…ဒီနေ့ခံစားချက်လေးကို ပြောရရင်တော့ ရင်ထဲမှာ ဘာမှ မရှိတော့ဘူးလို့ ခံစားနေရတယ်ဗျာ..။

ဘယ်လိုပြောရမလဲ..။ အရာရာဟာ ကျနော်နဲ့ မသက်ဆိုင်တော့သလိုခံစားနေရသည်။ ညနေ ၅နာရီခွဲ..တော့ ရုံးဆင်းသည်ပေါ့။

အိမ်ပြန်တယ်ဗျာ…။ အိမ်ပြန်ရောက်တော့  ထမင်းစားပါသည်။ ဆိုင်က ၀ယ်စားတဲ့ ဟင်းကများသည်..။ ကျနော့်အမေ ကို မြန်မာထမင်းဟင်းလေး ချက်ပေးပါလို့တောင်းဆိုမိသေးသည်..။

ချစ်သူအတွက် ပိုစားချင်လို့လေ..။ ကျနော်သည် ထမင်းစားအလွန်နည်းသူ တစ်ယောက်ပါ..။ ဘယ်တော့အခါမှ ထမင်းတစ်ပန်းကန်ကို ကုန်အောင်မစားတတ်ပါဘူး။

ဒါပေမယ့် ကျနော်ထမင်းစားရင်တော့ သတိရမိနေဦးမည်။ ပြီးတော့ အမ ယောက်ျားးဖြစ်တဲ့ အစ်ကို က ခွေသွားငှားတော့

`အောင်မင်း လိုက်မလား ´ ဆိုတော့ ဂစ်တာတီးနေရင်း နဲ့ လိုက်မယ်ဆိုပြီးတော့ လိုက်သွားဖြစ်သည်။ ခွေဆိုင်ရောက်တော့ သူကတော့ ဗမာကားငှားတာပေါ့။

ကျနော်က အကို ခွေသွားဝယ်ဦးမယ်လို့ ပြောသည်။ ဒရမ်မာ ကားလေး သုံးခွေ ၀ယ်ဖြစ်သည်..။ အခုဒီစာကိုရေးနေတော့ မကြည့်ရသေးဘူးဗျ..။

ဇာတ်ကားလေးတွေ ကြည့်မိရင် ကျနော့်စိတ်တွေ ပေါ့ပါးမိတော့ ကြည့်ဖြစ်ပါသည်..။ ကျနော် စိတ်ကူးယဉ်တတ်သူ တစ်ယောက်တော့မဟုတ်ပါဘူးးဗျာ..။

တစ်နေ့နေ့ ကျနော်မှာ ချစ်သူတစ်ယောက်လောက်ရှိလာရင် ဆိုပြီးတော့ပေါ့..။

ဒီနေ့ ည မနက်ဖြန်ည ကျနော် အိပ်မက် မမက်ပါစေနဲ့ဗျာ..။ အရမ်းလွမ်းလို့ပါ..။ မခံစားချင်တော့ဘူး..။

ရင်ခုန်မိပြီဆိုတော့ ခံစားမှုတွေဟာ အရမ်း ဟဲဗီးဖြစ်တယ်ဗျ..။ ဒီတော့ ကျနော် စာဖတ်သူကို နည်းနည်း အကြံပေးချင်ပါသည်..။

နံပါတ်တစ် အချစ်ဆိုတာကို ဘယ်တော့မှ မစမ်းသပ်ပါနဲ့လို့..

နံပါတ်နှစ်  ချစ်မိရင်လည်း အချစ်ကို မစမ်းသပ်ပါနဲ့လို့ပေါ့..။

နောက်နေ့တွေမှာ စာရေးရင် ကျနော် အရေးအသားတွေ ပြောင်းလဲသွားမလားလို့တော့ မျှော်လင့်မိပါသည်..။

ဒီနေ့အတွက်တော့ ကျနော်ရင်ထဲမှာ ဟာတာတာကြီးလို့ပေါ့ဗျာ…။

0 comments:

Post a Comment