Monday, October 3, 2011

2.10.2011 ( သိမ်းထားလိုက်တော့မယ်)

ဒီနေ့ ရုံးပိတ်သည်။ ဆန်းဒေးနေ့ ဖြစ်ပါသည်။ ခါတိုင်းတော့ ဒီလိုနေ့ဆိုရင် ကိုသော်ကြီးဆီမှာ သီချင်းသွားတီးနေကျပါ..။

ဒီနေ့တော့ မတီးဖြစ်ပါဘူး..။ မနေ့ညက ညနှစ်နာရီလောက်ထိ flash song လေး လုပ်မိသည်။

မနက် ၁၀ နာရီခွဲ မှ နိုးသည်။ ၀ယ်ထားသော ပလာတာကို မနက်စာလွေးပြီး ကိုသော်ကြီးဆီကိုသွားဖို့ ပြင်ဆင်လိုက်သည်..။

ကိုသော်ကြီးဆီကို ရောက်တော့ သူက project အတွက် စာတမ်းလုပ်နေသည်ဟုဆိုသည်..။

ညနေ ၃ နာရီခွဲလောက်ထိ စာကူရိုက်ပေးသည်..။ ပြီးတော့ အိမ်ပြန်ပြီးထမင်းစားသည်။

မေမေ က ဘယ်သွားဦးမှာလဲ တဲ့..။ အင်တာနက်ဆိုင်သွားဦးမည်ဟု…။ မေမေက အင်တာနက်ဆိုင်သွားတာကို

သိပ်မကြိုက်လှ..ဒါပေမယ့် သူ့သားလေးကို စိတ်မညစ်စေချင်၍ ထင်သည်..။ ဘာမှတော့ မပြောပါ..။

၎နာရီလောက် နက်ဆိုင်သွားသည်။ အင်တာနက်လိုင်းများ လွန်စွာနှေးကွေးသည်..။ ဂျီတော့လ်ပင်ဖွင့်မရ..။ စိတ်ညစ်စရာကောင်းလှသည်..။

ဒီလိုနှင့် ညနေခြောက်နာရီ လောက်တွင် လိုင်းက ပုံမှန်ပြန်ဖြစ်လာသည်..။

ကျနော် ဒီနေ့ ချစ်သူနှင့် စကားပြောဖြစ်သေးသည်..။ မနေ့က  Flash Song လေးကို နားထောင်ခိုင်းလိုက်သည်..။

ပြီးတော့ ကျနော်က ကျနော့်ကို ` သာ့ အကြောင်းပြောပြပါလား´ လို့ ဆိုပြီးတော့

သူ့အကြောင်းလေးကို မေးပါသည်..။ ပြီးတော့ ကျနော့်ကို ပြောပြသည်..။ သူ့မှာ ချစ်သူရှိတယ်တဲ့..။

ကျနော် ဆုံးဖြတ်မိပါသည်..။ဘယ်သူမဆို ကိုယ် ပျော်ဖို့ထက် ကိုယ့်ချစ်တဲ့သူပြောဖို့ကို ပိုပြီးတော့ ဦးစားပေးကြမှာပေါ့..။

သူက သူချစ်တဲ့သူရှိနေတဲ့အတွက် ကျနော်သူ့ကို ချစ်တယ်လို့ ပြောရင် သူသိက္ခာကျမှာပေါ့..။

ဒီတော့ `နောက်နေ့ကနေစပြီး အနော်ချစ်တယ်လို့ မပြောတော့ဘူး´လို့ ပြောလိုက်ပါသည်..။ တကယ်လည်း ဆုံးဖြတ်လိုက်သည်..။

ကျနော့်အချစ်တွေကို ကျနော်ခေါက်သိမ်းထားလိုက်တော့မယ်လို့ပေါ့..။

ဒါပေမယ့် တစ်ခါတစ်လေ သတိရမိမှာပေါ့လေ..။ လက်လျော့လိုက်တာတော့ မဟုတ်ပါဘူး..။ ကျနော့်အချစ်တွေကို ကျနော်ပြချင်ပါတယ်..။

လူဆိုတာလည်းခက်သားဗျ..။ ဟူး တော်ပါပြီ..။

ကျနော်စာတွေ ကို လာဖတ်ရတာ ပျော်မှာလည်း မဟုတ်ပါဘူး..။ ခင်ဗျားလည်း ကျနော့်လိုပဲ စိတ်လေလောက်မှာပါ..။

ဒီတော့ ဒီနေ့မှတ်စုကတော့ ကျနော့်အတွက် စဉ်းစားစရာလေးတစ်ခုဖြစ်လာစေတာပဲဗျာ..။ အဖြေထွက်တဲ့ထိ စဉ်းစားလိုက်ဦးမယ်..။

တိတိကျကျ အဖြေရတဲ့ထိပေါ့..။

0 comments:

Post a Comment