Sunday, October 2, 2011

1.10.2011 ( ရှင်းပြဖြစ်ခဲ့တယ်လေ)

ဒီနေ့ မနက်၇နာရီ ရုံးသွားရသည်..။ သူဌေး ရယ် မန်နေဂျာ မမရယ် ကိုကျော်ထက်ရယ် ကိုဖိုးသဲရယ် ပြီးတော့ ကျနော်တို့တွေ မရမ်းရာဘာခြံသို့

သွားကြဖို့ပေါ့..။ ရုံးရောက်တဲ့အထိ ဘာအတွက်လည်း မသိရသေး..။

သွားတဲ့အချိန်မှာ မိုးတွေ ရွာလာသည်..။ မရမ်းကို သွားတဲ့တစ်လျှောက်လုံးမိုးသည်းသည်းနှင့် ခရီးဆက်ခဲ့ရသည်..။ လက်ဖျားတွေ သွေးမရှိတော့

အရမ်းချမ်းပြီး လက်တွေ ထုံနေသည်..။ အသည်းထဲထိ စိမ့်အောင်ချမ်းမိသည်.။ မရမ်းရောက်သွားတော့ ကိုကျော်ထက် ကိုဖိုးသဲနှင့် ကျနော်အရင်ရောက်တော့ဒ

ဆိုင်ထိုင်ပြီး ရေနွေးသောက်တာတောင် တော်တော်နဲ့ အချမ်းမပြေဘူးး..။ ကျနော်က မေးမိသည်..။

ကိုကျော်ထက် မရမ်းကို ဘာအတွက်လာတာလဲသိလားလို့….။ သူက ရာဘာပင်တွေ စိုက်ခိုင်းမလို့နေမှာပေါ့တဲ့..။

ကျနော်တို့ရယ်မိကြသည်..။ ရုံးမှာ ကိုကျော်ထက်က အင်ဂျင်နီယာ ကျနော်လည်း အင်ဂျင်နီယာပါပဲ ..။ ဒါပေမယ့် ကျနော်ကတော့ အင်ဂျင်နီယာပေါက်စပေါ့..။

ကိုဖိုးသဲက ဆေးသုတ်ဆရာပါ..။ ထားပါ..။ ခနလောက်နေတော့ မန်နေဂျာမမနဲ့ သူဌေးရောက်လာပြီးတော့ အောင်မင်းဦးနဲ့ ကျော်ထက်လွင်က ရေရအောင်လုပ်ပေးလိုက်လို့

ပြောတယ်ဗျ..။ ရေစုပ်စက်ရယ် ရေပိုက်တွေ ဆင်ခိုင်းတာပေါ့..။ အဲဒါနဲ့ ကျနော်တို့လည်း ရေပိုက်ဆင်နေကြရောပေါ့ဗျာ..။

ရာဘာခြံဆိုတာသိတယ်မလား ဧက၅၀ လောက်ဆိုတော့  အကျယ်ကြီးလေ ..။ တဲနဲ့ရေတွင်းနဲ့ဆို ပေ ၆၀၀ လောက်ဝေးတယ်..။

အဲဒီ တဲ နဲ့ရေတွင်းကို ဒီနေ့ အခေါက်ပေါင်းများစွာ ကူးချည်သန်းချည် ရေပိုက်ယူလိုက် စက်ယူလိုက် လုပ်နေရတာပေါ့..။ စက်ကလည်းအသစ်သာဆိုပေမယ့်

ရေကိုစုပ်မရဘူး..။ ဒီတော့ တစ်နေ့လုံးနီးပါး ကြာသွားတာပေါ့..။ အလုပ်ကို တကယ်စိတ်ပျက်မိသည်..။ မောလိုက်တာ ..။

ပင်ပန်းတာပေါ့…။ ဒါပေမယ့် သူ့ဝန်ထမ်းဆိုတာ သူ့ဆန်စား ရဲရမယ်ဆိုတဲ့စကားလိုပဲ ခိုင်းတာကိုတော့လုပ်ရမယ်ပေါ့..။ ထားပါ..။ ဒီနေ့တော်တော်လေး အီစလံဝေတာလေးပြောပြတာပါ..။

ပြန်တော့လည်း မနေ့ကလိုပဲ မိုးချုပ်ပါသည်..။ ဒီနေ့တော့ ကော်နရှင်ရသည်..။ အွန်လိုင်းတက်မိသည်..။

ချစ်သူနှင့်လည်း စကားပြောဖြစ်သည်..။ မနေ့က ကိုဖိုးသဲ ပြောထားတော့ ကျနော်သူ့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါသည်..။

ချစ်သူရှိလားလို့ မေးသည်..။ ကျနော်ပြောဖြစ်တာလေးတွေကိုရေးမပြတော့ပါ..။ ဒါပေမယ့် ဒီနေ့ကျနော် သူ့ကိုချစ်တယ်ဆိုတာလေးကို

သေချာပြောဖြစ်ပါသည်.။ ကျနော့်စိတ်ထဲ ပင်ပန်းခဲ့တာတွေ အားလုံးကိုမေ့ပျောက်သွားသည်..။  ကျနော် သူ့ကို အရမ်းချစ်တယ်လေ..။

သူကသာ ကျနော့်ကို အရေးတယူလေး စကားပြောရင် ကျနော် အဲအချိန်ကို ဘာနဲ့မှ မလဲနိုင်ဘူးး..။ အရမ်းကျေနပ်တယ်..။

ဒါပေမယ့်ပေါ့ဗျာ..။ ကျနော်က ချစ်နေတဲ့သူဆိုတော့ သူ့ကို မရေတွက်နိုင်တဲ့စကားတွေ ပြောပြစရာတွေ အများကြီးရှိတာပေါ့ဗျာ..။

မပြောမိပါဘူး..။ သူ့ကို အနှောင့်အယှက် မဖြစ်စေချင်ပါဘူးဗျာ..။ သူသာပျော်မယ်ဆိုရင် ကျနော် ဟာသသရုပ်ဆောင်လုပ်ဖို့ ၀န်မလေးပါဘူး..။

ဘာပဲဖြစ်ဖြစ် ကျနော်တွေးထားတဲ့ အချစ်ဆိုတာ ချစ်နေဖို့အဓိကပါပဲ ကျန်တာ ဘာမှမလိုပါဘူး..။

ဒီလောက်ပါပဲ အခုတော့ ခြေထောက်တွေ နည်းနည်းညောင်းနေလေရဲ့ဗျာ.. ။အိပ်တော့ မအိပ်ချင်သေး…ဖလက်သီချင်းလေးတစ်ပုဒ်လောက်လုပ်ဦးမယ်..။



ကျေးဇူးတင်ပါတယ်ဗျာ..။

green

0 comments:

Post a Comment