8:26 PM -
ခံစားမှု
No comments


အချစ် သို့မဟုတ် မှတ်စု တခု
၂။ အချစ်ဆိုတာ Near your environment လို့ ခေါ်ချင်တယ်။ နီးစပ်မှုဟာ အချစ်တော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် အနေကြာလာတဲ့အခါ စိတ်ထဲမှာ သံယောဇဉ်ရှိလာကြတယ်။ ခင်တွယ်လာကြတယ်။ ဂရုစိုက်မှုတွေကို ကျေနပ် နှစ်သိမ့်လာကြတယ်။ ပြီးတော့ စွဲလမ်းလာတယ်။ ဒါတွေဟာ အချစ်ရဲ့နိဒါန်းတွေပဲလေ။
၃။ဘ၀မှာ ဖြတ်သန်းရတာတွေက ပင်ပန်းလွန်းပါတယ်။ တခါတလေတော့လည်း မျှဝေခံစားပေးမယ့်သူ လိုအပ်ပါတယ်။ ကိုယ့်စိတ်ကို အနားလည်နိုင်ဆုံးလူတယောက် ဖြစ်သင့်တယ်။ တကယ်လို့ ကျနော်ကပဲ သူမအပေါ်နားလည်ပေးပြီး သူမက ပြန်ပြီး နားမလည်ပေးဘူးဆိုရင် ဒါဟာ လက်တွေ့ကျတဲ့ အချစ်တခုမဟုတ်ပါဘူး။ သူမဟာ မက်မောဖွယ်ကောင်းတဲ့ အရာကို ရထားတယ်လို့ ယူဆနေတာဖြစ်နိုင်ပါတယ်။ တကယ်က ဒီလိုမဟုတ်ပါဘူး။ ချစ်တယ်ဆိုတာ အလိုလိုက်ဖို့ထက် နားလည်ဖို့ပဲ လိုပါတယ်ဗျာ.။
၎။ ပြောင်းလဲခြင်းဆိုတာ က မသေချာမှုကဖြစ်လာတာပဲ.။ ဘယ်အရာမဆို သေချာဖို့လိုတာပေါ့ဗျာ။ အချစ်မှာ ပိုပြီးတော့ လိုအပ်ပါတယ်။ တခါတလေ စိတ်အလိုလိုက်မိတဲ့အခါ ကိုယ့်ကိုယ်ကို လိမ်ညာတတ်တဲ့ ကျနော့်အကျင့်က တော်တော်လေးကို ခက်တယ်ဗျာ.။
၅။ အနာဂတ်ကို စဉ်စားချင်လာမိပြီ.။ တကယ်ဖြစ်ချင်တာတွေလည်း ရှိလာပြီ။ ဒါပေမယ့် အခုချိန်မှာ လိုအပ်နေတာ ရှိနေတယ်။ အဲဒါတော့ သူ့ဆီက နားလည်မှု..........။